.
ရှမ်းအသင်း၏ အနိုင်ဂိုးများကို ပွဲချိန် ၃ မိနစ်တွင် နန္ဒကျော်က လည်းကောင်း၊ ပွဲချိန် ၆၄ မိနစ်တွင် ဇင်မင်းထွန်းက လည်းကောင်း သွင်းယူ၍ ဧရာဝတီယူနိုက်တက်၏ ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်ခဲ့ခြင်း ဖြစ်ကာ ဧရာဝတီအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် သီဟဇော်က သွင်းယူပေးခဲ့သည်။
.
ပွဲစဉ် ၁၈ အပြီးတွင် ရှမ်းပြည်နယ် ကိုယ်စားပြု အသင်းအနေဖြင့် ရမှတ် ၃၈ မှတ်ဖြင့် ပွဲစဉ်ဇယား၏ တတိယနေရာတွင်သာ ရပ်တည်နေသော်လည်း ဇယားထိပ်မှ ဟံသာဝတီနှင့် ၂ မှတ်၊ ဒုတိယနေရာမှ ဧရာဝတီနှင့် ၁ မှတ်သာ ကွာဟနေခြင်းကြောင့် ချန်ပီယံ လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။
.
လက်ရှိချန်ပီယံ ရှမ်းအသင်းသည် လက်ကျန်ပွဲစဉ် ၂ ပွဲ အဖြစ် စက်တင်ဘာလ ၂၇ ရက်တွင် ဆောက်သမ်းမြန်မာအသင်းနှင့် လည်းကောင်း၊ အောက်တိုဘာလ ၁ ရက်တွင် ရတနာပုံအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
.
ထို့အတူ ဟံသာဝတီအသင်းသည် စက်တင်ဘာ ၂၆ တွင် မကွေးအသင်း၊ ဧရာဝတီအသင်းသည် စက်တင်ဘာ ၂၇ တွင် ရန်ကုန်အသင်းနှင့် ယှဉ်ပြိုင်ကစားပြီးနောက် အောက်တိုဘာ ၁ ရက်တွင် ဟံသာဝတီနှင့် ဧရာဝတီတို့ ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကစားရမည် ဖြစ်၍ ချန်ပီယံဖလား ကိုင်မြှောက်ခွင့် ရရှိရေးအတွက် အသင်းကိုယ်စီက အကြိတ်အနယ် ယှဉ်ပြိုင်ကစားလာကြမည် ဖြစ်သည်။