၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းရဲတပ်ဖွဲ့၊ အမှတ်(၁၄)တပ်ဖွဲ့ခွဲ(ရှမ်း)မှ စက်တင်ဘာလ ၁၉ ရက်တွင် တောင်ကြီးမြို့၌ စုပေါင်း သွေးလှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၌ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ စုပေါင်းသွေး လှူဒါန်းပွဲတွင် သတင်းရဲတပ်ဖွဲ့၊ အမှတ်(၁၄)တပ်ဖွဲ့ခွဲ(ရှမ်း)မှ တပ်ဖွဲ့ဝင် ၂ ဦးနှင့် မိသားစုဝင် ၂ ဦးတို့မှ ပါဝင်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၊ မိသားဝင်များနှင့်အတူ ရဲတပ်ဖွဲ့ဝင် ၇၁ ဦး၊ မိသားစုဝင် ၃ ဦး၊ စုစုပေါင်း ၇၄ ဦးက ပါဝင်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
