သံလွင်မြစ်ကူး (တာဆန်း) ကြိုးတံတား တည်ဆောက်နိုင်ရေးအတွက် သြစတီးယားနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရို ၈ သန်းကျော် ချေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သံလွင်မြစ်ကူး (တာဆန်း) ကြိုးတံတား တည်ဆောက်နိုင်ရေးအတွက် သြစတီးယားနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရို ၈ သန်းကျော် ချေးယူမည်


မင်းဇော်မင်း
.
သံလွင်မြစ်ကူး (တာဆန်း)ကြိုးတံတား တည်ဆောက်နိုင်ရေး အတွက် ဩစတီးယားနိုင်ငံမှ အတိုး မဲ့ချေး ငွေ ယူရို ၈ သန်း ချေးယူသွား မည်ဖြစ်ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ အတိုးမဲ့ချေးငွေ ချေးယူနိုင်ရေးအတွက် ပြီးခဲ့သည့် ဩ ဂုတ်လ ၂၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေး အ တည်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ တံတားစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာနက အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း အတွက် လိုအပ်သော သံဘောင်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် အ တွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဩဂုတ်လ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ဒုတိယဝန်ကြီး ဦးဟန်ဇော်က ရှင်းလင်းတင်ပြရာတွင် သံလွင်မြစ် ကူးတံတား(တာဆန်း)သည် ရှမ်းပြည် နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို ဆက်သွယ်ထားသည့် နမ့်စန်-မိုးနဲ-မိုင်းတုံ- မိုင်းဆတ်- တာချီလိတ်ကား လမ်းပေါ်ရှိ တံတား အမှတ် (၁/၁၈၇) ဖြစ်ကြောင်း၊ အဆိုပါတံတားသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ် သည့် တာချီလိတ်မြို့နှင့် ဆက်သွယ် ထားသည့် လမ်းမကြီးပေါ်တွင် တည် ရှိခြင်းကြောင့် နှစ်နိုင်ငံ ကုန်သွယ်စီး ဆင်းမှုအတွက် အရေးပါသည့် တံ တား တစ်စင်းဖြစ်ပါကြောင်း၊လက်ရှိ တံတားမှာ သက်တမ်း ကြာမြင့်လာ သည်နှင့်အမျှ ခံနိုင်ဝန် လျော့ကျလာ သည့်အတွက် လက်ရှိတွင် ၁၆ တန် သာ ဖြတ်သန်းခွင့် ပြုသဖြင့် ကုန် တင်ယာဉ်ကြီးများမှာ တစ်ဘက်ကမ်း သို့ ယာဉ် ငယ်များဖြင့် ကဲ့ယူပို့ ဆောင် နေရသည့်အတွက် အချိန်ကြာမြင့် ခြင်း၊ သယ်ယူ ပို့ဆောင်ခ ပိုမိုကုန် ကျခြင်းတို့ကြောင့် ကုန်ပစ္စည်းဈေး နှုန်းများ အဆမတန်မြင့် တက် လျက်ရှိသဖြင့် တံတားအသစ် တည် ဆောက်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
ယင်း တာဆန်း ကြိုးတံတား အ သစ်သည် အရှည် ၈၇၀ ပေ ရှိမည် ဖြစ်ပြီး တံတားပန္နက်တင် အခမ်း အနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ပြီးတည် ဆောက်ရေး လုပ်ငန်းများ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တံတားတည် ဆောက်ရာတွင် ကြိုးနှင့် တံတားသံ ဘောင် ဆက်စပ်ပစ္စည်းများကို နည်း ပညာမြင့်မားပြီး အရည်အသွေး ကောင်းမွန်သည့် ဥရောပနိုင်ငံထုတ် တံတားသံဘောင် ဆက်စပ် ပစ္စည်း များကို ဝယ်ယူအသုံးပြုနိုင်ရန် အတွက် အတိုးမဲ့ချေးငွေ ချေးယူရခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဟန် ဇော်က ဆက်လက် ပြောဆိုခဲ့သည်။
.
အတိုးမဲ့ချေးငွေ ချေးယူရေးနှင့် ပတ်သက်၍ ဩဂုတ်လ ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ် တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက အသီးသီးဆွေး နွေးတင်ပြခဲ့ပြီး လွှတ်တော်၏အဆုံး အဖြတ်ကို ရယူကာ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တံတားသစ် တည် ဆောက် ပြီးစီးပါက မြန်မာနိုင်ငံ အ လယ်ပိုင်းမှ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်း ဒေသများကိုဖြတ်၍ အ ချိန်တို လွယ်လင့်တကူဖြင့် ကုန် ပစ္စည်းများ တင်ပို့နိုင်မည်ဖြစ်ပြီး တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းထက် လမ်းမိုင် ၅၂ မိုင် ပိုမိုလျော့ နည်းသဖြင့် တောင်ကြီးမှ တာချီ လိတ်သို့ နေ့ချင်းရောက်ရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
.
တာဆန်း တံတားသစ်သည် နိုင်ငံ့ထွက်ပေါက် မဟာဗျူဟာ မြောက် ဘက်စုံ အသုံးပြုနိုင်မည့် အဓိကကျသည့် တံတားဖြစ်ပြီး ထိုင်း လာအို နိုင်ငံများသို့ လွယ်လင့်တကူ သွားလာနိုင်မည့် အပြင်ဒေသ ထွက် ကုန်များလည်း အိမ်နီးချင်းနိုင်ငံ များသို့ ဆက်သွယ်ပို့ဆောင်နိုင်မည် ဖြစ်ကာ ဒေသလူမှု ဘဝများ ပိုမိုမြင့် တက်လာစေမည် ဖြစ်ကြောင်း သိရ သည်။
.
လက်ရှိတွင် အဆိုပါ တံတားအ သစ်အား ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ တံတား အထူးအဖွဲ့(၅)မှ တည် ဆောက်လျက်ရှိကြောင်း သိရသည်။
.
လက်ရှိ တာဆန်းတံတား ဟောင်းကို ၁၉၉၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး စီမံကိန်း ကာလ ၂ နှစ်ခွဲခန့် ကြာမြင့်ခဲ့သည့်အတွက် ၁၉၉၉ ခုနှစ်တွင် စတင် အသုံးပြုခဲ့ရာ တွင် တံတားသက်တမ်း ၂၁ နှစ် ရှိပြီ ဖြစ်ကာ ယင်း တံတားမှာ အရှည်ပေ ၉၀၀ ရှိပြီး အုတ်မြစ်မှာ Open Foundation၊ ဘေလီကြိုးတံတားနှင့် ယာဉ်သွားလမ်းအကျယ် ၁၈ ပေ ဖြစ် ကာ တံတားခံနိုင်ဝန်ကို တန် ၃၀ အ ထိ ခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် သက်တမ်း ကြာမြင့်လာသဖြင့် ၁၆ တန်သာခွင့်ပြုထားသည်။
.

Journal Download

Photo of three cats