ရုရှားထုတ် COVID-19 ကာကွယ်ဆေးသည် ကိုယ်ခံအား တုံ့ပြန်မှု၏ လက္ခဏာများကို ပြသခဲ့သည်ဟု ဆေးပညာ ဂျာနယ် ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရုရှားထုတ် COVID-19 ကာကွယ်ဆေးသည် ကိုယ်ခံအား တုံ့ပြန်မှု၏ လက္ခဏာများကို ပြသခဲ့သည်ဟု ဆေးပညာ ဂျာနယ် ဆို


စိုင်းသိင်္ခသူ
.
ရုရှားနိုင်ငံထုတ် COVID-19 Vaccine ကာကွယ်ဆေးသည် အစောပိုင်း စစ်ဆေးမှုများအရ ကိုယ်ခံအားတုံ့ပြန်မှု၏ လက္ခဏာများကို ပြသခဲ့သည်ဟု The Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြထားကြောင်း သိရသည်။
.
Photo - BBC
.
ရုရှားသိပ္ပံပညာရှင်များက ၎င်းတို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ပတ်သက်၍ ပထမဆုံး အစီရင်ခံစာကို ထုတ်ဝေခဲ့ပြီး အစောပိုင်းစစ််ဆေးမှုများသည် ကိုယ်ခံအား တုံ့ပြန်မှု၏ လက္ခဏာများကို ပြသခဲ့သည်ဟု ပြောကြား ခဲ့သည်။
.
ဆေးဘက်ဆိုင်ရာဂျာနယ် The Lancet မှ ထုတ်ဝေသည့် အစီရင်ခံစာတွင် ပါဝင်သူတိုင်းသည် ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ရန် ပဋိဇီဝပိုးများ ဖွံ့ဖြိုးလာခဲ့ပြီး ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ မရှိခဲ့ကြောင်း ဖော်ပြထားသည်။
.
ထိရောက်မှုနှင့် လုံခြုံမှုကို သက်သေပြရန် စမ်းသပ်မှုများသည် လုံလောက်မှုမရှိဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သော်လည်း သြဂုတ်လအတွင်း ဒေသဆိုင်ရာအတွင်း အသုံးပြုရန်အတွက် လိုင်စင်ထုတ်ပေးခဲ့ပြီး ပထမဆုံးအနေဖြင့် အချက်အလက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် လအတွင်း သမ္မတဗလာဒီမာပူတင်က ကာကွယ်ဆေးသည် လိုအပ်သည့် စစ်ဆေးမှုများ အားလုံး အောင်မြင်ခဲ့ပြီး ၎င်း၏ သမီးတစ်ဦးသည်လည်း စမ်းသပ်မှုတွင် ပါဝင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
.
Sputnik-V ဟု ခေါ်ဆိုသည့် ကာကွယ်ဆေး စမ်းသပ်မှု ၂ ခုကို ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လများတွင် ပြုလုပ်ခဲ့သည်ဟု The Lancet မှ ထုတ်ဝေသည့် အစီရင်ခံစာတွင် ပါရှိပြီး ကာကွယ်ဆေးထိုးပြီး ၃ ပတ်အကြာ စမ်းသပ်မှုတွင် ကျန်းမာရေးဝန်ထမ်း ၃၈ ဦးစီ ပါဝင်သည်ဟု သိရသည်။
.
အဆိုပါ စမ်းသပ်မှုတွင် ပါဝင်သူများမှာ အသက် ၁၈ နှစ်မှ ၆၀ ကြား ရှိသူများဖြစ်ကြကာ စောင့်ကြည့်မှုကို ၄၂ ရက်ကြာ ပြုလုပ်ပြီးနောက် ၃ ပတ်အတွင်း ပဋိဇီဝပိုးမွှားများ ဖွံ့ဖြိုးလာကာ ဘေးထွက်ဆိုးကျိုးအဖြစ် ခေါင်းကိုက်ဝေဒနာနှင့် အဆစ်ရောင်ဒေနာများ ဖြစ်ပေါ်စေသည်ကို တွေ့ရသည်ဟု ဖော်ပြထားသည်။
.
သို့သော် စမ်းသပ်ခံသူများတွင် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် Antibodies များ ထွက်ခဲ့ကြပြီး ဆိုးရွားသည့် ဘေးထွက် ဆိုးကျိုးများ မရှိခဲ့ဟု ဆိုသည်။
.
အဆိုပါသတင်းနှင့် ဆက်စပ်၍ အိန္ဒိယနိုင်ငံရှိ ရုရှားသံရုံး၏ တွစ်တာအကောင့်တွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိင်ဂူသည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်က Covid-19 ကာကွယ်ဆေးထိုးနှံခဲ့ပြီးကြောင်း ဖော်ပြထားသည်။
.

Journal Download

Photo of three cats