နမ္မတူတွင် RS-CS မိုးစပါး မျိုးစေ့ထုတ်လယ်သမားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူတွင် RS-CS မိုးစပါး မျိုးစေ့ထုတ်လယ်သမားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်


စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နားကျဲကျေးရွာရှိ RS-CS မိုးစပါး မျိုးစေ့ထုတ် လယ်သမားများအား ဩဂုတ်လ ၃၁ ရက်က နမ္မတူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေး အပ်ခဲ့ကြောင်း သိရသည်။
.

.
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ယင်းကဲ့သို့ လယ်သမားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးခင်းမောင်ဌေးက COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ တစ်ဧက တင်း ၁၀၀ ပန်းတိုင် အထွက်နှုန်းရရှိရေး အထောက်အကူပြုစေရန်၊ မိုးစပါး သီးနှံတွင် မျိုးကောင်းမျိုးသန့်များဖြင့်သာ အသုံးပြုစိုက်ပျိုးနိုင်စေရန်၊ တောင်သူများ တစ်ပိုင်တစ်နိုင် မျိုးကောင်း မျိုးသန့် ထုတ်လုပ်နည်းစနစ်များ ကျွမ်းကျင်တတ်မြောက်စေရန်၊ မျိုးကောင်းမျိုးသန့် စပါးများ စိုက်ပျိုးခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးစေရန်၊ နိုင်ငံတော်၏ ဆန်စပါးဖူလုံပိုလျှံမှုကို အထောက်အကူပြုစေရန်၊ အရည်အသွေး ကောင်းသော စပါးမျိုး ထုတ်လုပ်ခြင်းဖြင့် ပြည်ပပို့ကုန်ဈေးကွက် ပိုမိုရရှိစေရန် ရည်ရွယ်ပြီး ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်းမောင်ဌေးနှင့် တာဝန်ရှိသူများက နားကျဲကျေးရွာရှိ  RS-CS မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း ၁၀ ဧကအတွက် တစ်ဧကလျှင် ၆၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၆၅၀၀၀၀ အား မျိုးစေ့ထုတ် လယ်သမားများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။
.

Journal Download

Photo of three cats