တောင်ကြီးတွင် အမျိုးသားတစ်ဦးက အရွယ်မရောက်သေးသည့် မယားပါသမီးအား အကြိမ်ကြိမ် သားမယား ပြုကျင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အမျိုးသားတစ်ဦးက အရွယ်မရောက်သေးသည့် မယားပါသမီးအား အကြိမ်ကြိမ် သားမယား ပြုကျင့်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ပထွေးဖြစ်သူမှ အရွယ်မရောက်သေးသည့် မယားပါသမီးအား အကြိမ်ကြိမ် သားမယား ပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး မိခင်ဖြစ်သူမှ စက်တင်ဘာလ ၇ ရက်၊ ညပိုင်းတွင် တောင်ကြီးမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။
.
.
ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) နေ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးသည် လွန်ခဲသည့် ၂၀၀၈ ခုနှစ်က အမျိုးသား ဖြစ်သူ သေဆုံးသွားခဲ့ပြီး ကိုယ်ဝန် ၆ လ ကျန်ရှိချိန်တွင် ရဲထွန်း (ခ) မျိုးမင်းလတ် ဆိုသူနှင့် ပေါင်းသင်းနေထိုင်ခဲ့ရာမှ ရဲထွန်း (ခ) မျိုးမင်းလတ်က ယခင် အမျိုးသားနှင့် ရရှိသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ သားမယားအဖြစ် ပြုကျင့်မှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူမှ အမှုဖွင့် တိုင်တန်းသဖြင့် တောင်ကြီးမြို့မ ရဲစခန်းတွင် (ပ) ၅၅၉/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ္မ ၃၇၆/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats