တောင်ကြီးတက္ကသိုလ် Quarantine စင်တာမှ အမျိုးသားတစ်ဦးအား အသားဝါနေသဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတက္ကသိုလ် Quarantine စင်တာမှ အမျိုးသားတစ်ဦးအား အသားဝါနေသဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်


ကမ္ဘောဇတိုင်း
.
တောင်ကြီးတက္ကသိုလ် Facilities Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူများ အနက် အမျိုးသားတစ်ဦးမှာ အသားဝါနေသဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ယနေ့ စက်တင်ဘာလ ၅ ရက်၊ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
.
“သူက အသားဝါတယ်။ ခြေထောက်တွေ ယောင်နေတယ်။ အဲဒါနဲ့ ရောက်လာတာပါ။ အမျိုးသားပါ။ သူ့ရဲ့ ဓါတ်ခွဲ နမူနာတွေကို ပေးပို့စစ်ဆေးသွားမှာပါ” ဟု တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ‌ဒေါက်တာဟန်ထူးအောင်ကလည်း “ဒီနေ့မှ Quarantine Center ကို ရောက်တာပါ။ လမ်းမှာလည်း သထုံဆေးရုံကြီးမှာ ဝင်ပြခဲ့တယ်လို့ သိရပါတယ်။ သူက COVID-19 လက္ခဏာတော့ မဟုတ်ပါဘူး။ အရက်ကြောင့် အသားဝါတာ၊ ရေဖျင်းစွဲတာပဲ ရှိတဲ့အတွက် မောတာ ရှိပါတယ်။ ဒီနေ့ညနေ Quarantine Center ကို ရောက်လာတဲ့အချိန်မှာ မောနေသေးတဲ့အတွက် စဝ်စံထွန်းဆေးရုံကြီးမှာ ဆေးဝါး ကုသမှု ပေးနေတာပါ။ ဖြစ်တာကတော့ တစ်နှစ်လောက် ရှိပြီလို့ သိရပါတယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ အမျိုးသားမှာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်ပြီး ၎င်း အပါအဝင် တောင်ကြီးတက္ကသိုလ် Facilities Quarantine Center တွင် နေရပ်ပြန် ၁၆၆ ဦးတို့အား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိထားခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats