တောင်ကြီးတက္ကသိုလ် Quarantine စင်တာမှ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားသူအမျိုးသမီး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတက္ကသိုလ် Quarantine စင်တာမှ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားသူအမျိုးသမီး သေဆုံး


ကမ္ဘောဇတိုင်း
.
တောင်ကြီးတက္ကသိုလ်ရှိ Facilities Quarantine Center တွင် ကိုယ်အပူချိန်မြင့်မားမှုကြောင့် ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့သည့် အမျိုးသမီးသည် ယနေ့ စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
“သူက နှလုံးဖောက်ပြီး ဆုံးတာလို့တော့ စဝ်စံထွန်းဆေးရုံက ပြောပါတယ်။ သူ့ရဲ့ ဓါတ်ခွဲနမူနာကတော့ စဝ်စံထွန်းကယူပြီး ဒီနေ့ပို့ပေးမယ်လို့ပြောပါတယ်”ဟု ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက် ညွှန်ကြား ရေးမှူး ဒေါက်တာဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သေဆုံးသူသည် ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦးဖြစ်ပြီး တောင်ကြီးတက္ကသိုလ် Facilities Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူခဲ့ခြင်းဖြစ်ကာ ၎င်း၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့သို့ ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်သည်ဟု သိရသည်။
.
ယင်း တောင်ကြီးတက္ကသိုလ် Facilities Quarantine Center တွင် ကိုယ်ဝန်ဆောင်မိခင် ၂၃ ဦး အပါအဝင် ကျား ၅၄ ဦး၊ မ ၆၄ ဦး၊ စုစုပေါင်း ၁၁၈ ဦးတို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats