ကမ္ဘောဇတိုင်း
.
တောင်ကြီးတက္ကသိုလ် Facilities Quarantine Center တွင်
အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများအနက် အမျိုးသမီးတစ်ဦးမှာ အရေးပေါ် ကျန်းမာရေးအခြေအနေ ဖြစ်ပေါ်လာသဖြင့်
ယနေ့ စက်တင်ဘာလ ၄ ရက်၊ ည ၉ နာရီခွဲခန့်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်
ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
.
.
“ဆေးရုံတင်ရတယ်ဆိုတာ ဟုတ်ပါတယ်။ အခုမှ လူနာကြည့်နေတုန်းပါ။ အခြေအနေ
မသိရသေးပါဘူး” ဟု တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
ယင်း တောင်ကြီးတက္ကသိုလ် Facilities Quarantine Center တွင်
ကိုယ်ဝန်ဆောင်မိခင် ၂၃ ဦး အပါအဝင် ကျား ၅၄ ဦး၊ မ ၆၄ ဦး၊ စုစုပေါင်း ၁၁၈ ဦးတို့ကို အသွားအလာ
ကန့်သတ်စောင့်ကြည့်ထားခြင်းဖြစ်ကြောင်း သိရသည်။
.