အောင်ပန်းတွင် နှာစေး၊ ချောင်းဆိုသူ အမျိုးသားတစ်ဦးအား Quarantine Center သို့ ပို့ဆောင်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် နှာစေး၊ ချောင်းဆိုသူ အမျိုးသားတစ်ဦးအား Quarantine Center သို့ ပို့ဆောင်ထား

စုလှိုင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်နေ နှာစေး၊ ချောင်းဆိုးနေသူ အမျိုးသားတစ်ဦးအား ယနေ့ စက်တင်ဘာလ ၂၉ ရက်က Quarantine Center သို့ ပို့ဆောင်ထားခဲ့သည်ဟု သိရသည်။

.


.

“အနံ့မပျောက်ဘူး။ နှာစေးချောင်းဆိုး ၃ ရက် နဲ့ မနေ့က အနံ့နည်းနည်း ပျောက်သလို ဖြစ်တာပေါ့။ ဒီနေ့တော့ အနံ့ပြန်ရတယ်။ လတ်တလော အခြေအနေက ဖျားတာတွေမရှိဘူး။ Quarantine Center ကိုပို့ထားတယ်။ ဓာတ်ခွဲနမူနာကို လာမယ့် တနင်္လာနေ့မှာ ယူမှာပါ။ သူ့မိသားစုကိုတော့ အရင်ဆုံး Home Quarantine ပေးထားတယ်။ သူရဲ့အဖြေပေါ်မူတည်ပြီးမှ လုပ်မှာပေါ့။ အခု သူရဲ့ကျန်းမာရေးအခြေအနေက ကောင်းနေတယ်။ အဖျားမရှိဘူး။ နှာစေး၊ ချောင်းဆိုးတာပဲ ရှိပါတယ်” ဟု အောင်ပန်းတိုက်နယ်ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာသက်ဝေဦး က ပြောသည်။

.

အဆိုပါ Quarantine Center သို့ ပို့ဆောင်ခဲ့သူမှာ ကားဝပ်ရှော့တစ်ခုမှ အသက် ၁၇ နှစ်အရွယ် စက်ပြင်သူ ဖြစ်ပြီး ၎င်း၏ မိသားစုဝင် ၃ ဦးကိုလည်း နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိထားသည်ဟု သိရသည်။

.

ရှမ်းပြည်နယ်အတွင်း ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၂၅ ဦး ရှိပြီး ၎င်းတို့မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၁ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၃ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ၇ ဦးနှင့် တပ်မတော်သား ၄ ဦးတို့ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats