တောင်ကြီး၌ Quarantine Center မှ အမျိုးသားတစ်ဦး ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ Quarantine Center မှ အမျိုးသားတစ်ဦး ကွယ်လွန်

 အောင်ဆန်းဝင်း

.

တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ Quarantine Center ၌ အသွားအလာ ကန့်သတ်ထားသူ အမျိုးသားသည် အမောဖောက်လာသဖြင့် ယနေ့ (စက်တင်ဘာလ ၂၀ ရက်)၊ နံနက်ပိုင်းက စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

.

 


ကွယ်လွန်သူမှာ အသက် ၆၇ နှစ်အရွယ် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် နေထိုင်သူ အမျိုးသား ဖြစ်ကာ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူပြီးနောက် ကိုယ်ပိုင်ယာဉ်ဖြင့် တောင်ကြီးမြို့သို့ စက်တင်ဘာလ ၁၈ ရက်က ပြန်လည် ရောက်ရှိလာသူ ဖြစ်ကြောင်း သိရသည်။

.

၎င်းသည် တောင်ကြီးမြို့သို့ ပြန်လည် ရောက်ရှိပြီးနောက် တောင်ကြီးမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quaratine Center သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ဓါတ်ခွဲနမူနာအား ရယူထားပြီး ဖြစ်ကာ စက်တင်ဘာလ ၂၁ ရက်တွင် ဓါတ်ခွဲစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats