တောင်ကြီးမြို့၊ အထက (၅) Quarantine Center မှ အမျိုးသားတစ်ဦး စဝ်စံထွန်းဆေးရုံတွင် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အထက (၅) Quarantine Center မှ အမျိုးသားတစ်ဦး စဝ်စံထွန်းဆေးရုံတွင် သေဆုံး


ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော Facilities Quarantine Center မှ အမျိုးသားတစ်ဦး ယနေ့ စက်တင်ဘာလ ၈ ရက်၊ နံနက် အစောပိုင်းက စဝ်စံထွန်းဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။
.
.
“သူက တောင်ကြီးကပါပဲ။ မြဝတီက ပြန်လာတာပါ။ ထ (၅) Quarantine Center မှာ ထားထားတာပါ။ မနေ့ညက သူက မောပြီး သွေးထဲမှာ အောက်စီဂျင် ရာခိုင်နှုန်း နည်းလို့ ဆေးရုံကို လွှဲလိုက်တာပါ။ နေ့လယ် ၁ နာရီခွဲမှာ ဆေးရုံ တက်တယ်။ ဒီမနက် ၇ နာရီခွဲမှာ ဆုံးတာပါ။ ဆေးရုံကတော့ နှလုံးကြီးပြီး အသည်းရောင်တယ်လို့ သုံးသပ်ထားပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သေဆုံးသူ၏ ဓါတ်ခွဲနမူနာများကို ယနေ့ စက်တင်ဘာလ ၈ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats