အောင်ဆန်း
.
နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန
စတင်ဖွင့်လှစ်သည့်အချိန်မှ သက် တမ်း ၂ နှစ် ကျော် ကာလအတွင်း စုံစမ်းဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါး
အမှုပေါင်း ၁၃၅၁ မှုအား အရေးယူနိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး၏ စက်တင်ဘာလ ၂၈ ရက်
သတင်းထုတ်ပြန်ချက်အရ သိရသည်။
.
.အဆိုပါ စုံစမ်းဖော်ထုတ် အရေးယူနိုင်ခဲ့သည့် အမှုပေါင်း ၁၃၅၁
မှုမှ တရားခံ ကျား ၁၇၂၃ ဦး၊ မ ၃၄၂ ဦး၊ စုစုပေါင်း ၂၀၆၅ ဦး ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ
၁၀၄၂၂ ဒသမ ၆၁၉၄ ဂရမ်၊ ICE ၁၄၈၉ ဒသမ ၄၂
ဂရမ် ၊ဘိန်း ၄၇၉၃၄ ဒသမ ၁၇၈၈၆ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၁၄၀၇ ဒသမ ၉၆ ဂရမ်၊ ဘိန်းစာမှုန့်
၅၃၃၆၃ ဒသမ ၇၆ ဂရမ်၊ ဘိန်းစာရွက် ၅၃၅၉၇ ဒသမ ၃၂ ဂရမ် ၊ဘိန်းစာရည် ၂၅ လီတာ၊
စိတ်ကြွဆေးပြား ၆၇၈၇၈၆ ပြား ၊ဆေးခြောက် ၁၄၈၅၉ ဒသမ ၈၈ ဂရမ်၊ ဘိန်းရည် ၀.ဒသမ ၁လီတာ၊
ဘိန်းဆီခဲ ၆၃၀ ဒသမ ၂၈ ဂရမ်၊ ဘိန်းစေ့ ၆၀ ဂရမ်၊ စိတ်ကြွဆေးပြားအကြေမှုန့် ၆၀ ဒသမ ၁၅
ဂရမ်၊ Ecstasy အကြေ ၀ ဒသမ
၀၀၁ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
.
ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၉ မှုရှိကြောင်း ဖော်ပြထားရာ ရှမ်းပြည်နယ်အတွင်းမှ ဖမ်းဆီးရမိမှု
၂ မှု ပါဝင်ခဲ့သည်ဟု သိရသည်။
.
မူးယစ်ဆေးဝါး များ ပိုမိုဖမ်းဆီးရနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့်
တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့် ကိစ္စရပ်များနှင့်
ကြီးမားသည့် မူးယစ်ဆေးဝါး ရောင်း/ဝယ်မှုကိစ္စရပ် များကို နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး
အထူးသတင်းတိုင်ကြားရေးဌာနသို့ တယ်လီဖုန်း၊ ဖက်စ်နှင့် အီးမေလ် တို့မှ လုံခြုံစိတ်ချစွာ
တိုင်ကြားနိုင်ကြောင်း သိရသည်။
.
နိုင်ငံတော်သမ္မတရုံး၊ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.