စိုင်းသိင်္ခသူ
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊
မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူး (လားဟူ) ကျေးရွာတွင် သစ္စာစီမံချက်ဖြင့်
ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စက်တင်ဘာလ ၃ ရက်၊
နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
“ရွေးကောက်ပွဲနီးလို့ မှတ်ပုံတင် ပျောက်နေသူတွေ၊
မှတ်ပုံတင်လုပ်ဖို့ ကွင်းဆင်းစဉ်တုန်းက တောင်ယာတို့၊ ခရီးလွန်တို့
ကျန်နေသူတွေကိုလည်း စိစစ်လုပ်ပေးနေပါတယ်” ဟု ပုံပါကျင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဆိုင်ရာရုံးမှ ဦးကျော်စွာဝင်းက ပြောသည်။
ထို့သို့ပေးအပ်ရာတွင် ပုံပါကျင်မြို့
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နားကောင်းမူး
(လားဟူ)ကျေးရွာ၌ သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေး
ကတ်ပြား ၂၃ ခုကို ပုံပါကျင်မြို့ ဦးစီးမှူး
ဦးကျော်စွာဝင်းနှင့်တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.