ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စုပေါင်း သွေးလှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စုပေါင်း သွေးလှူဒါန်း

လာမည့် အောက်တိုဘာလ ၁ ရက်တွင် ကျရောက်မည့် ၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံတွင် စုပေါင်း သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.


 

ယင်း စုပေါင်း သွေးလှူဒါန်းမှုကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုက ဦးစီး ကြီးကြပ်၍ ရဲတပ်ဖွဲ့ဝင် ၇၁ ဦး၊ မိသားစုဝင် ၃ ဦး၊ စုစုပေါင်း ၇၄ ဦးက ပါဝင်လှူဒါန်းခဲ့ရာ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မို့မို့က လက်ခံခဲ့ပြီး အားဖြည့် အစားအစာနှင့် အားဆေးများကို ရဲတပ်ဖွဲ့သို့ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ထို့အတူ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဟိုပုံးမြို့ရှိ နောင်တောင်း ပရဟိတတပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရာဇန္ဒိသီရိထံသို့  ဆန်အိတ်နှင့် နဝကမ္မအလှူငွေများ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats