မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
ယနေ့ စက်တင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး
အစည်းအဝေးခန်းမတွင် လောက်ကိုင်နှင့် ကုန်းကြမ်း မြို့နယ်များမှ COVID-19 ကော်မတီများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံခဲ့ကြောင်း
သိရသည်။
.
.
ထိုသို့ တွေ့ဆုံရာတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအာကာမင်းမှ မဲဆန္ဒရှင်စာရင်းများ မဲရုံများ၊
လုံခြုံရေးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး
လောက်ကိုင်မြို့နယ် COVID-19 ရောဂါထိန်း
ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူးဦးငွေဒိုးနှင့် ကုန်းကြမ်း မြို့နယ် COVID-19 ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းစိုးတို့က COVID-19
ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်
လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်းသိရသည်။
.
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ လောက်ကိုင်မြို့နယ်နှင့်ကုန်းကြမ်း
မြို့နယ်များအတွက် COVID-19ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့်
mask ၂၅၀၀ စီနှင့်
ငွေသားကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်
ကြီးဒေါက်တာအောင်သန်းမောင်က လောက်ကိုင်မြို့နယ် နှင့်ကုန်းကြမ်းမြို့
နယ်အတွင်းရှိအသက် ၈၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်
ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ကြောင်းသိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကနိဂုံးချုပ်အမှာစကားပြောကြားရာ မကြာမီကျင်းပတော့မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ယခုအချိန်တွင်ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသည့်COVID-19 ရောဂါနှင့်ပတ်သက်၍ ရှင်းလင်း ပေးသည့်အတွက်ကျေးဇူးတင်ပါကြောင်း၊ မဲရုံပတ်ဝန်းကျင်၊မဲရုံအတွက်အခန်း၊ မဲဆန္ဒရှင်မဲစာရင်းများ စည့်ကိစ္စရပ်များနှင့် လုံခြုံရေးအတွက်ကုန်းကြမ်း ဒေသသည် လုံခြုံရေးဆောင်ရွက်ရာတွင်ခက်ခဲသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ မဲဆန္ဒရှင်များလွတ်လပ်စွာ မဲပေးနိုင်ရေးဆောင်ရွက်ပေးရန်၊ ဆက်သွယ်ရေးကိစ္စရပ်များတွင် မဲစာရင်းများ ပေးပို့ရာ၌အင်တာနက်လိုင်းများ မကောင်းသဖြင့် တစ်ဘက်နိုင်ငံမှ ရယူသုံးစွဲနေရသောကြောင့် အဆင်မပြေ သဖြင့်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ လျှပ်စစ်မီးကိစ္စရပ်များတွင် လည်း အနီးပတ်ဝန်းကျင်ရှိ မီးစက်များကို ငှားရမ်းသုံးစွဲရန်နှင့် ကုန်ကျမည့် စက်ဆီများအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များမဲပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးထားရန်၊ COVID-19 ရောဂါနှင့်ပတ်သက်၍အား လုံးဝိုင်းဝန်းကူညီပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်တာဝန်ရှိသူများသည်
လောက်ကိုင်ပြည်သူ့ဆေးရုံးသို့ သွားရောက်၍ ဆေးရုံအတွက် COVID-19ရောဂါကာကွယ်ရေးသုံး
ပစ္စည်း mask ၂၅၀၀ ခုနှင့်
ငွေကျပ် ၂၀ သိန်း၊ လက်အိတ် ၁၀ ဘူးပါ ၁ ပုံးနှင့်
ကုန်းကြမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ငွေကျပ် ၁၅ သိန်း၊
ကုန်းကြမ်း မြို့နယ်အတွက် သားအိမ်ခေါင်းကင်ဆာစမ်းသပ်စက်တို့ကို
ပေးအပ်လှူဒါန်းပေးရာ တာဝန်ရှိသူများမှ အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။
.
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ချင်းရွေဟော်-လောက်ကိုင်
လမ်းမိုင်(၂၀/၃-၂၁/၂)အတွင်း ၅ ဒသမ ၃၉ ဖာလုံအရှည် ၄၀ ပေအကျယ်
ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းအား ကြည့်ရှုစစ်ဆေး ရာလမ်းဦးစီးဌာနမှ တာဝန်
ရှိသူများမှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန် ကြီးချုပ်ကလိုအပ်သည်များ
ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
.