ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအစီအစဉ် (အဆင့်-၄) အဖြစ် ဆောင်ရွက်နေသည့်
မီးသွေးချောင်းကျေးရွာမှ အင်းတိန်အထိ ၁၉ ဒသမ ၄ ကီလိုမီတာ
ကတ္တရာလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း
ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
.
.အဆိုပါလမ်းပိုင်းသည် ပင်လောင်းမြို့နယ်နှင့်
ညောင်ရွှေမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်ပြီး ကတ္တရာလမ်းဖောက်လုပ်ခြင်း
ပြီးစီးပါက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကာ
စီးပွားရေးကဏ္ဍများတွင်လည်း အချိန်တိုအတွင်း ကူးသန်းရောင်းဝယ်လာနိုင်ခြင်းကြောင့်
ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
.
ယင်း ကတ္တရာလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို
ပြည်ထောင်စုသမ္မတဂျာမဏီနိုင်ငံ KFW
Bank မှ လှူဒါန်းခြင်း ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်(အဆင့်-၄) အဖြစ်
ပူးပေါင်းဆောက်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
.