နန်းထက်ထက်
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်၊ ညနေပိုင်းက ဘိန်းစိမ်းများအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်၊ ညနေပိုင်းက ဘိန်းစိမ်းများအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ
ပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂ ရက်၊ ည ၇ နာရီအချိန်ခန့်က သတင်းအရ သက်သေများနှင့်အတူ
ပင်လောင်းမြို့နယ်၊ လွိုင်ကော်-ပင်လောင်း သွားကားလမ်းတွင် လွိုင်ကော်မြို့ဘက်မှ
ပင်လောင်းမြို့ဘက်သို့မောင်းနှင်လာသော ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ
ယာဉ်ပေါ်တွင်လိုက်ပါလာသော ဖယ်ခုံမြို့၊ ဟိန်ဓမ္မရပ်ကွက်နေ ခရီးသည် ဒေါ်ခင်ဌေးဝင်း (ခ)
မျိုးမျိုး၏ ဆွဲခြင်းများအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၁၅ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်
၄၅ သိန်းအား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။.
ဆက်လက်ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ ဖယ်ခုံမြို့၊ ဟိန်ဓမ္မရပ်ကွက်နေ ဒေါ်မူမူအား ယင်းနေ့ည ၈ နာရီအချိန် တွင်လည်းကောင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ လွယ်ပသာကျေးရွာနေ ထွန်းအောင် အား ယင်းနေ့ည ၁၁ နာရီ အချိန်တွင်လည်းကောင်း ၎င်းတို့၏ နေအိမ်များ၌ အသီးသီး ဖုန်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါး ဘိန်းစိမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
.