PHL (တောင်ကြီး) ဓါတ်ခွဲခန်းတွင် ဓါတ်ခွဲနမူနာ ၃၂၇ ခုတို့ကို စစ်ဆေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PHL (တောင်ကြီး) ဓါတ်ခွဲခန်းတွင် ဓါတ်ခွဲနမူနာ ၃၂၇ ခုတို့ကို စစ်ဆေးနေ

စုလှိုင်

.

တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (PHL) (တောင်ကြီး) တွင် ဓါတ်ခွဲနမူနာ ၃၂၇ ခုတို့ကို စစ်ဆေးလျက်ရှိပြီး ဓါတ်ခွဲအဖြများကို ယနေ့ (စက်တင်ဘာလ ၁၈ ရက်) ည သို့မဟုတ် စက် တင်ဘာလ ၁၉ ရက်၊ နံနက်တွင် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

.

.

“ဓာတ်ခွဲနာမူနာ ၃၂၇ ခုက ည ၈ နာရီ ရမယ်။ အကုန် မရရင်တောင် မနက်ဖြန် မနက် ၈ နာရီ မှာ ပါပါမယ်” ဟု ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)မှ အထူးကုဆရာဝန်ကြီး (အဏုဇီဝဗေဒ) ဒေါက်တာ ပိုးပိုးလင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)တွင် စက် တင်ဘာလ ၁၀ ရက် မှ စတင်၍ COVID-19 ပိုး ရှိ/မရှိကို ဓါတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

တောင်ကြီး PHL တွင် စစ်ဆေးခဲ့သော ဓါတ်ခွဲနမူနာများအနက် ယနေ့ စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂ ဦး တွေ့ရှိထားပြီး ၎င်းတို့မှာ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် အမျိုးသားနှင့် အသက် ၁၃ နှစ်အရွယ် ၎င်း၏ တို့ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats