စုလှိုင်
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန
(တောင်ကြီး)တွင် ယနေ့
(စက်တင်ဘာလ ၁၀ ရက်)မှ စတင်၍ COVID-19 ပိုး ရှိ/မရှိကို ဓါတ်ခွဲ စစ်ဆေးမှုများ
ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
.
“ ဒီနေ့က စပြီး စစ်ဆေးနေပါပြီ၊ ရှမ်းရှေ့နဲ့ ရှမ်းတောင်က
ဓါတ်ခွဲနမူနာတွေပါ၊ ရှမ်းမြောက်တော့ မပါဘူး။ ရှမ်းမြောက်က မန္တလေး PHL ကို ပို့မှာ။
ဓါတ်ခွဲနမူနာက ၁၁၉ ခုပါ။ အဖြေက ဒီနေ့တော့ မရနိုင်သေးဘူး၊ မနက်ဖြန် မနက်သတင်းမှာ ပါဖို့အတွက်
ကြိုးစားနေပါတယ်။” ဟု ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန
(တောင်ကြီး)မှ အထူးကုဆရာဝန်ကြီး (အဏုဇီဝ) ဒေါက်တာ ပိုးပိုးလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန
(တောင်ကြီး)တွင် COVID-19 ရောဂါ စစ်ဆေးမှုကို
ဒေါက်တာ ပိုးပိုးလင်း အပါအဝင် ဆရာဝန် ၄ ဦးဖြင့် ဆောင်ရွက်နေခြင်း
ဖြစ်ပြီး ဓါတ်ခွဲစမ်းသပ်မှု ကုန်ကျစရိတ်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကုန်ကျခံ
ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန
(တောင်ကြီး)ရှိ COVID-19 ဓါတ်ခွဲစစ်ဆေးသည့်စက်အား ဝေအောင်ကမ္ဘာကျောက်မျက်ကုမ္ပဏီမှ လှူဒါန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment