.
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် တာချီလိတ်မြို့နယ်မှ လူကုန်ကူးခံရသူ အမျိုးသမီး တစ်ဦးအား စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက အသက်မွေးဝမ်းကျောင်း အထောက်အပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
.
တာချီလိတ်၊ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများနှင့်အတူ တာချီလိတ်မြို့နယ်၊ အောက်မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေအယ်(၂) ရွာမှ လူကုန်ကူး ခံခဲ့ရသူ အမျိုးသမီးထံသို့ သွားရောက်ကာ ၎င်းလိုအပ်နေသည့် အသက်မွေးဝမ်းကျောင်း အထောက်အပံ့အတွက် ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ ကျွဲ တစ်ကောင်အား ပြည်လည်ထူထောင်ရေးစရိတ်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝယ်ယူပေးသည့် စာချုပ်စာတမ်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
.
“ ဒီနှစ်ထဲတော့ သူနဲ့ဆိုရင် ၆ ဦး ရှိပါပြီ။ သူက ခရီး ထွက်နေတာရယ်၊ သူ့ဆန္ဒအရ နွားအစား ကျွဲ လိုချင်တာရယ်ကြောင့် စာချုပ်နဲ့ ဝယ်ပြီး ပေးအပ်ရခြင်း ဖြစ်ပါတယ်။”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ် လှဘုန်းက ပြောသည်။
.
အဆိုပါ အမျိုးသမီးမှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်က တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် မက်လုံးပေး မြူဆွယ်ခံရပြီးနောက် လက်ထပ်ရန် စီစဉ်နေစဉ် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးပြီးနောက် ကယ်တင်ကာ လူကုန်ကူးရန် ကြံစည်သူ ၃ ဦးအား ဖမ်းဆီး၍ တရားစွဲတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.