ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စဝ်စံထွန်းဆေးရုံသို့ အောက်ဆီဂျင်စက် ၃ လုံးနှင့် အလှူငွေများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စဝ်စံထွန်းဆေးရုံသို့ အောက်ဆီဂျင်စက် ၃ လုံးနှင့် အလှူငွေများ လှူဒါန်း

၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း အထောက်အကူ ဖြစ်စေရန်အတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ အောက်ဆီဂျင်စက် (Oxygen Concentrator) ၃ လုံးနှင့် အာဟာရဒါန အလှူငွေများအား စက်တင်ဘာလ ၂၆ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

.


 

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သော ရဲအရာရှိကြီးများက စုစုပေါင်း တန်ဖိုးငွေ ၁၈၆၀၀၀၀ ကျပ် တန်ဖိုးရှိ အောက်ဆီဂျင်စက် ၃ လုံးနှင့် အာဟာရဒါနအလှူငွေ ၁၀ သိန်းကျပ်ကို ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင်ထံ ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ဒေါက်တာ ဝင်းနိုင်က ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ယနေ့ စက်တင်ဘာလ ၂၆ ရက်တွင် ကျရောက်သည့် ၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက လှူဒါန်းမှုများ၊ ဒေသနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Journal Download

Photo of three cats