မင်းဇော်မင်း
.
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ရှမ်းပြည်နယ်အတွင်း One State, Ten Township အစီအစဉ်များ
ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည် နယ်လွှတ်တော်မှ ဘဏ္ဍာငွေကျပ် သန်း ၃၀၀၀
ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် အကြိမ် (၂၀) မြောက် ပုံ
မှန်အစည်းအဝေးကို စက်တင်ဘာ လ ၂ ရက်မှ ၄ ရက် အထိ တောင် ကြီးမြို့၊
ရှမ်းပြည်နယ်လွှတ်တော် ခန်းမဆောင်တွင် ကျင်းပပြုလုပ် ရာ ယင်းအစည်းအဝေးတွင် လွှတ်
တော်မှ ယင်းကဲ့သို့ အတည်ပြုခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
.
“တာချီလိတ်က
လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းဝင်းအောင် နဲ့ ကျန်တဲ့လွှတ်တော် ကိုယ်စား လှယ်တွေက
ဝိုင်းတင်ပြတော့ တစ်မြို့နယ်ကို ကျပ်သန်း ၃၀၀ စီနဲ့ ၁၀ မြို့ ရပါတယ်။ မူဆယ်နဲ့
တာချီလိတ်ကတော့ တခြားရန်ပုံ ငွေ ချထားပေးတာရှိလို့ နောက် ထပ် ၂ မြို့နယ်ကို
ဝိုင်းဝန်းဆွေး နွေးဆုံးဖြတ်ပြီး ထည့်သွင်းလိုက် ပါတယ်” ဟု နမ့်စန်မြို့နယ် မဲဆန္ဒ
နယ် အမှတ် (၁) မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးလင်းအောင် ဆွေက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ
ရေးနှစ်၊ ရှမ်းပြည်နယ်၏ ဘဏ္ဍာ ငွေ အရသုံးဆိုင်ရာ ဥပဒေ (မူ ကြမ်း) နှင့် ၂၀၂၀-၂၀၂၁
ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရ စီမံကိန်း ဥပဒေ(မူကြမ်း) တို့နှင့် ပတ်သက် ၍
ရှမ်းပြည်နယ်လွှတ်တော် ဥပ ဒေပြုရေးဆိုင်ရာ ကော်မတီ၊ လွှတ် တော် ကိုယ်စားလှယ်များ၊
ပြည် နယ်အဆင့် ဌာနဆိုင်ရာများဖြင့် သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာ လ ၁ ရက်တို့တွင်
ကြားနာမှုများ ပြုလုပ်ကာ စက်တင်ဘာလ ၂ ရက် မှ ၄ ရက်အထိ ပြုလုပ်ခဲ့သည့်
ရှမ်းပြည်နယ်လွှတ်တော် အစည်း အဝေးတွင် လွှတ်တော် ကိုယ်စား လှယ်များက ဆွေးနွေးခဲ့ကြပြီး
ယင်းအစီအစဉ်အရ ဘဏ္ဍာငွေ သတ် မှတ်ခြင်းကို အတည်ပြု ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ မိုင်းတုံမြို့နယ်မဲဆန္ဒ နယ်အမှတ် (၂) မှ
ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးဆန်းဝင်း အောင် ကလည်း “မူဆယ်နဲ့ တာ ချီလိတ်က
စိမ်းလန်း စိုပြေ ရေး ရန်ပုံငွေ ရထားတာ ဖြစ်လို့ မြောက် ပိုင်းက နမ်ဆန်နဲ့
ကွတ်ခိုင်ကို အစား ထိုး ဖြည့်စွက်ထားပါတယ်။ အားလုံး ၁၀ မြို့နယ် ပါ” ဟု
ပြောဆိုခဲ့သည်။
.
အဆိုပါ One
State ,Ten Township အစီအစဉ်ကို ရှမ်းပြည် နယ်အတွင်း မြို့နယ်များ ဖြစ်သည့်
ရပ်စောက်၊ ဆီဆိုင်၊ နမ့်စန်၊ နမ် ဆန်၊ ကွတ်ခိုင်၊ တန့်ယန်း၊ သီ ပေါ၊ မိုင်းဆတ်၊
မိုင်းယန်း၊ ကျေး သီးမြို့နယ်များတွင် မြို့နယ် သန့် ရှင်းရေး၊ မူးယစ်ဆေးဝါး ကင်း
စင်ပပျောက်ရေး၊ အခြေခံပညာ ကျောင်းများတွင် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်
ရည်ရွယ်ချက် များဖြင့် လုပ်ဆောင်သွားမည် ဖြစ် ပြီး မြို့နယ်စီမံ ခန့်ခွဲရေးကော်
မတီ များနှင့် လွှတ်တော်ကိုယ်စား လှယ်
များက ကြီးကြပ်လုပ်ဆောင်ပေး သွား မည်ဖြစ်ကြောင်း သိရသည်။
.