ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသ၊ နောင်တရားမြို့
တိုက်နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေ သည့်လူနာများ၏
ကျန်းမာရေးကိစ္စအဝဝအတွက် အသုံပြုနိုင်ရန် ဌာနဆိုင်ရာများနှင့်
ဒေသခံပြည်သူများစုပေါင်း၍ အောင်ဆီဂျင်စက် (Air-Concentrator (5L)နှင့်
ချွဲစုပ်စက် (Suction
Machine) ဝယ်ယူနိုင်ရေးအတွက် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက အလှူငွေများ
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်သည့်
စက်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့်
အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ အလှူငွေကျပ် ၉၀၀၀၀၀ တိတိကိုပေးအပ်လှူဒါန်းပြီး
နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဝတ်ရည်ဖြိုးက လက်ခံရယူခဲ့သည်။
.
ထို့နောက် အလှူရှင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ
ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
.
အဆိုပါ လှူဒါန်းသည့်ငွေများဖြင့်
နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်ဆီဂျင်စက်(Air-Concentrator (5L) တစ်လုံးနှင့်
ချွဲစုပ်စက် (Suction
Machine)တစ်လုံးဝယ်ယူအသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.