ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊နောင်တရားမြို့တွင်
စက်တင်ဘာလ ၁၉ ရက်၊ ညနေပိုင်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား
အိမ်ထောင်စုများ လက်တလောအဆင်ပြေစေရေး အတွက်
ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ထောက်ပံ့ရာတွင် နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၌
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၇၇ စုအတွက်
နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာဝတ်ရည်ဖြိုးနှင့် အမှတ် (၁) အုပ်ချုပ်ရေးမှူး
တို့မှ လည်းကောင်း၊ အမှတ် (၂) ရပ်ကွက်၌ အိမ်ထောင်စု(၁၇)စု အတွက်
နောင်တရားမြို့စာတိုက်တာဝန်ခံ ဦးခွန်ထွန်းကြည် နှင့် အမှတ် (၂) ရပ်ကွက်
အုပ်ချုပ်ရေးမှူးတို့မှ လည်းကောင်၊ အမှတ်(၃)ရပ်ကွက်၌ အိမ်ထောင်စု ၁၁၅ စုအတွက်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မူမြစောနှင့်
အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှလည်းကောင်း၊ စုစုပေါင်း အိမ်ထောင်စု ၂၀၉ စု
အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် ပုံမှန်ဝင်ငွေမရှိသော
အခြေခံလူတန်းစားအိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.