စုလှိုင်
.
အနံ့အသက် မရရှိ၍ ကျိုင်းတုံမြို့
ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ၍ စောင့်ကြည့်ထားသည့် သတင်းထောက် ၂ ဦး၊ ယာဉ်မောင်းနှင့်
ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၈၄ ဦးတို့၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး
မတွေ့ရကြောင်း သိရသည်။
.
“ Negative (ပိုး မတွေ့)ပါ။
ကျိုင်းတုံက ပို့ထားတဲ့ ၃ ယောက်လုံးရဲ့ ဓါတ်ခွဲအဖြေမှာ ပိုး မတွေ့ရတာပါ။” ဟု
ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဘစိုးသက်က
အတည်ပြုသည်။
.
ထို့အတူ ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက “ ရှမ်းတောင်က ပို့ထားတာ ၁၈၆ ယောက်ထဲက
၁၈၄ ယောက်ရဲ့ အဖြေက ရပြီ။ ၂ ယောက် ကျန်တယ်(အဖြေ မရသေး)၊ သူတို့က မြဝတီဘက်က ပြန်လာလို့
တိုက်ရိုက် Quarantine ဝင်နေသူတွေမို့ မစိုးရိမ်ရဘူး။ ကျန်တဲ့သူတွေ အကုန်လုံးက
Negative (ပိုး မတွေ့) ပါဘူး။” ဟု ပြောသည်။
.
ကျိုင်းတုံဆေးရုံတွင်
သီးသန့်ထားရှိသည့် သတင်းထောက် ၂ ဦးမှာ Frontier Myanmar သတင်းဌာနမှ အသက် ၂၇ နှစ်အရွယ်နှင့် အသက် ၂၃ နှစ် အရွယ်
အမျိုးသားများ ဖြစ်ပြီး ဩဂုတ်လ ၃၁ ရက်၊ နေ့လယ်ပိုင်းတွင် အနံ့အသက် မရရှိသဖြင့် ကျိုင်းတုံပြည်သူ့
ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးမှုခံယူကာ ၎င်းတို့နှင့် ယာဉ်မောင်းဖြစ်သူအား
သီးသန့်ထားရှိ၍ ဓါတ်ခွဲနမူနာများအား စစ်ဆေးရာ ပိုး မတွေ့ အဖြေ ရရှိခြင်း
ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်
တောင်ပိုင်းမှ ဓါတ်ခွဲနမူနာ ပို့ထားသူ ၁၈၆ ဦးမှာ အသွားအလာ ကန့်သတ်ထားသူများနှင့်
ယခင်ပိုးတွေ့လူနာနှင့် ဆက်စပ်မှု ရှိသူများ ဖြစ်ကြောင်း သိရသည်။

Home
COVID-19
ကျိုင်းတုံ
ရှမ်းတောင်သတင်းများ
ရှမ်းရှေ့သတင်းများ
ကျိုင်းတုံဆေးရုံ၌ သီးသန့် ထားရှိသည့် သတင်းထောက်များနှင့် ရှမ်းတောင်မှ ၁၈၄ ဦးတွင် COVID-19 ပိုး မတွေ့
ကျိုင်းတုံဆေးရုံ၌ သီးသန့် ထားရှိသည့် သတင်းထောက်များနှင့် ရှမ်းတောင်မှ ၁၈၄ ဦးတွင် COVID-19 ပိုး မတွေ့
Tags
# COVID-19
# ကျိုင်းတုံ
# ရှမ်းတောင်သတင်းများ
# ရှမ်းရှေ့သတင်းများ
Share This
About Unknown
ရှမ်းရှေ့သတင်းများ