နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

စောဦး (ရတနာမြေ)

.

ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း (IDP) ၃ ခုတို့မှ အိမ်ထောင်စုများအား နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးက ယနေ့ စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

COVID-19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ စားသောက်ကုန် ၅ မျိုး ဝယ်ယူရန်အတွက် တိုက်ပွဲရှောင်စခန်း ၃ ခုမှ အိမ်ထောင်စု ၁၂၂ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထောက်ပံ့ပေးအပ်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံဒေါ်မြတ်သူနှင်း၊ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယဥက္ကဌ ဦးစိုင်းဘဉာဏ်နှင့် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ထိုသို့ ထောက်ပံ့ရာတွင် ကြူဆော့ (IDP)စခန်း၊ လီဆူး (IDP)စခန်း၊ ကချင် (IDP)စခန်း တို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၂၂ စုတို့အတွက် တစ်အိမ်ထောင်လျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၈ သိန်းကျော်အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats