နမ္မတူမြို့လယ် မြစ်ကူးတံတားတည်ဆောက်မှု စက်တင်ဘာလကုန်တွင် ပြီးစီးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့လယ် မြစ်ကူးတံတားတည်ဆောက်မှု စက်တင်ဘာလကုန်တွင် ပြီးစီးမည်

စောဦး (ရတနာမြေ)

.

ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် နမ္မတူမြို့လယ် မြစ်ကူးတံတား တည် ဆောက်မှု စက်တင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ နမ္မတူမြို့လယ် မြစ်ကူးတံတားသည် သီပေါ-နမ္မတူ-မန်တုံလမ်းနှင့် လားရှိုး-နမ္မတူ-မန်တုံလမ်းပေါ်တွင် တည်ရှိပြီး နမ္မတူမြို့လယ်ကို ဖြတ်သန်းစီးဆင်းနေသည့် နမ္မတူမြစ်ပေါ်တွင် နမ္မတူရပ်ကွက်နှင့် ပန်ဟိုရပ်ကွက် တို့ကို ဆက်သွယ် တည်ဆောက်ပေးထားသော တံတားဖြစ်ကြောင်း သိရသည်။

.

တံတားအမျိုးအစားမှာ တံတားအပေါ်ထည် သံကူကွန်ကရစ် တံတားဖြစ်ပြီး တံတားအရှည် ၂၈၀ ပေ၊ တံတားခန်းဖွဲ့ ၄ ခန်း၊ ရေလမ်းကင်းလွတ်အကျယ် ၁၂၈ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၃ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ၃ ပေ ၂ လက်မ ဖြစ်ကြောင်း သိရသည်။

.

တံတားတည်ဆောက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ၁၁၈၇ ဒသမ ၆၅ သန်းဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၄) က တာဝန်ယူ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလကုန်တွင် ပြီးစီးတော့မည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့ (၄) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရသန်း ထံက သိရသည်။

.

အဆိုပါ နမ္မတူမြို့လယ် မြစ်ကူးတံတား တည်ဆောက်ပြီးစီးပါက တွဲယာဉ်များ ဖြတ်သန်းခွင့်ရရှိတော့မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအနေဖြင့် မန်တုံမြို့နယ်သာမက မုံဝှီးလမ်းကြောင်းပါ သွားလာခွင့်ရမည်ဖြစ်သဖြင့် နမ္မတူမြို့နယ် နှင့် မန်တုံမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats