ငြိမ်းသူ
.
တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စုနှင့်
သံတဲကျေးရွာအုပ်စုအတွင်းရှိ လယ်ယာ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ ရောက်ရှိစေရေးအတွက်
Eastern
Stages Agri Business Project (ESAP) စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့်
နန်းလတ်ချောင်းကူးကုန်ထုတ်တံတား တည်ဆောက်လျက်ရှိကြောင်း သိရသည်။
.
.
နန်းလတ်ချောင်းကူးကုန်ထုတ်တံတားမှာ အရှည် ၆၀ ပေ အကျယ် ၁၄ ပေ
အမြင့် ၁၁ ပေ ရှိပြီး တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၁၉- ၂၀၂၀ခု ဘဏ္ဍာနှစ် Eastern
States Agri Business Project(ESAP)စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၈၇ ဒသမ ၈၄၇သန်း
ဖြင့်တင်ဒါအောင်မြင်သော သူရိန်ဇော်ကုမ္ပဏီ မှယခုနှစ် မေလအတွင်းကစတင်၍တာဝန်ယူ
တည်ဆောက်နေခြင်းဖြစ်ပြီး ယခုအချိန်တွင် ၂၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း
သိရသည်။
အဆိုပါ နန်းလတ်ချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက မိုင်းသော်အရှေ့နှင့်
သံတဲကျေးရွာအုပ်စုအတွင်းရှိ မိုးစပါး စံပြစိုက်ခင်း ဧက ၉၀၀ ကျော်မှ လယ်ယာထွက်ကုန်များအား
ဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်ရေး အထောက်အကူပြု စေမည်ဖြစ်သည့်အပြင် အိမ်ခြေ
၂၅၆၃ အိမ်မှဒေသခံပြည်သူ ၁၈၇၅၈ ဦးမှာ လမ်းပန်းဆက်သွယ်မှုကောင်းမွန်လာမည် ဖြစ်ကြောင်း
သိရသည်။
.
နန်းလတ်ချောင်းကူးကုန်ထုတ်တံတား တည်ဆောက်နေမှုအခြေအနေအား
ရှမ်းပြည်နယ်တောင်ပိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး
ဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဦး နှင့်အင်ဂျင်နီယာများ၊ Eastern States Agri Business Project (ESAP) စီမံကိန်း
ရုံးမှတာဝန်ရှိသူများသည် စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ
ကုမ္ပဏီမှ တာဝန်ရှိသူများက လက်ရှိတံတား တည်ဆောက်နေမှု အခြေအနေများနှင့်
ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်း အချိန်မီပြီးစီးရေး သတ်မှတ်
စံချိန်စံညွှန်း ပြည့်မှီရေးအလေးထား ဆောင်ရွက်သွားကြရန် ပြည်နယ်ဦးစီးမှူး
ဦးမောင်မောင်ဝင်း က မှာကြားခဲ့ကြောင်းသိရသည်။
.
No comments:
Post a Comment