မိုင်းယု၌ ရိုးရာ ဝေသန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်း)ပွဲတော်ကို COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယု၌ ရိုးရာ ဝေသန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်း)ပွဲတော်ကို COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ်


ကိုကိုနိုင် (မိုင်းယု)
.
တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာတွင် ဒေသခံ ရှမ်းတိုင်းသားများ၏ ရိုးရာဓလေ့ ဝေသန္တရာ ဇာတ်တော် (တန်းဌာန်း)ပွဲတော်ကို COVID-19 ရောဂါ ကာကွယ်ရေး လမ်း ညွှန်ချက်များနှင့်အညီ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ရှမ်းတိုင်းရင်းသားများသည် တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအား ရည်မှန်း၍ နောင်ဘဝတွင် ပြည့်စုံ ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ဝေသန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်းပွဲ) ကို နှစ်စဉ် တော် သလင်း လဆန်းမှ လပြည့်ကျော်အထိ ရွာအလိုက် အလှည့်ကျ ကျင်းပလေ့ရှိကြောင်း သိရသည်။
.
ယင်း ပွဲတော်ကို ယခင်နှစ်က အလှူပြုသူ(သေဆုံးသူမိသားစုဝင်)များ၏ နေအိမ်တွင်လည်းကောင်း၊ ဘုန်းကြီး ကျောင်း များတွင်လည်းကောင်း စုပေါင်း၍ အကျွေးအမွေးဖြင့် ဧည့်ခံလှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်း၌ ဝေသန္တရာ ပါဠိ တရားတော်များကို ပွဲတော်ပြီးမြောက်သည်အထိ ရွတ်ဖတ် ပူဇော်ခြင်း၊ ဘုရားကျောင်းပုံစံအိမ်ငယ်များ၊ ဓမ္မာရုံပုံစံငယ် များ၊ ဇရပ်ပုံစံငယ်များ၊ အိမ်အသုံး အဆောင်ပစ္စည်းအမျိုးမျိုး၊ ရှမ်းရိုးရာဝတ်စုံ အမျိုးမျိုးတို့ဖြင့် ပြုလုပ် ဆက်ကပ် လှူဒါန်းခြင်း၊ တရားနားကြားသူများမှ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ပုံးငယ်အတွင်း ထည့်ကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းပေးခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းတို့ဖြင့် ကုသိုလ်ပြုကြခြင်းဖြစ်ကြောင်း သိရသည်။
.
ယခုနှစ်တွင်မူ COVID-19 ရောဂါကာလဖြစ်သဖြင့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ လူအနည်းငယ် ဖြင့်သာ ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats