အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း
ဖွင့်လှစ်ထားသည့် စားသောက် ဆိုင်များ အား ယနေ့
စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေး ကော်မတီမှ COVID-19 ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ
ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ စစ်ဆေးမှုအား မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် နေ့လယ်ပိုင်း ဖွင့်လှစ်ရောင်းချသည့်ဈေးဆိုင်များ
စစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့ဖြစ်သည့် မြို့နယ်စီမံကိန်းရုံး လက်ထောက်ညွှန်ကြားမှူး
ဒေါ်နန်းဆေးယျ၊ ဒေါက်တာဟန်စိုး၊ အမှုဆောင်အရာရှိ ဦးအားထူယာ၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန
ဒုတိယဦးစီးမှူး ဦးမျိုးမြင့်ကျော်၊ မီးသတ်တပ်ကြပ် ကျော်လှဦးနှင့်
သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ဈေးဆိုင်၌ လက်ဆေးဘေစင်နှင့်
လက်သန့်ဆေးရည် ထားရှိခြင်းရှိ/မရှိ၊ စားပွဲတွင် ပလပ်စတစ်ပြား
အကာအရံခြားထားခြင်းရှိ/မရှိ စစ်ဆးခြင်း၊ COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို
အများမြင်သည့်နေရာတွင် ကပ်ထားခြင်းရှိ/မရှိ၊ ဆိုင်ရှင်များ လက်အိတ်နှင့်
နှာခေါင်းစည်း(Mask)
တပ်ထားခြင်းရှိ/မရှိ နှင့် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့်
စားသုံးနိုင်သည့် နေရာများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စသည့် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ စားသောက်ဆိုင်များလိုက်နာရမည့် အချက်များနှင့်အညီ
ဆောင်ရွက်ထားခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး၊ COVID-19 ရောဂါ
ကြိတင်ကာကွယ်ရေးအတွက် ပြည်သူအားလုံး အလေးထားဆောင်ရွက်ကြရန်
တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်သည် မြန်မာပြည်အရှေ့ဖျား၊ တာချီလိတ်ခရိုင်အတွင်း
တည်ရှိပြီး မြို့နယ်အတွင်း မြို့ ၂ မြို့၊ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၀ အုပ်စုဖြင့်
ဖွဲ့စည်းထားကြောင်း သိရသည်။
.