အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်
အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း) Community Based Facility Quarantine Center တွင်
အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ထားသူ အမျိုးသားတစ်ဦးအား ၁၄ ရက် ပြည့်ပြီး ဆေးစစ်ချက်များအရ
COVID-19
ရောဂါပိုး မတွေ့ရှိသဖြင့် စက်တင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက နေအိမ်သို့ ပြန်ခွင့်
ပြုခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ နေအိမ်ပြန်ခွင့်ပြုရာတွင် မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏
ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီး ဦးသိန်းစိုးနှင့်
ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ
ပါဝင်၍ အိမ်ပြန်ခွင့်ရသူကို ကျန်းမာကြောင်း ထောက်ခံစာကို ပေးအပ်ခဲ့ပြီး၊ COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း
နေထိုင်ရေးကို ရှင်းပြခဲ့ကာ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များထံ စနစ်တကျ အပ်နှံပေးခဲ့ကြောင်း
သိရသည်။
.
အဆိုပါ အိမ်ပြန်ခွင့်ရသူသည် ၎င်း၏ နေအိမ်တွင် Home Quarantine ၇ ရက် ဆက်လက်
နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
.