မိုင်းယောင်းတွင် Facilities Quarantine ထားရှိသူ ၄ ဦးကို နေအိမ် ပြန်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် Facilities Quarantine ထားရှိသူ ၄ ဦးကို နေအိမ် ပြန်ခွင့်ပြု

အားချာ

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားရုံရှိ Community Based Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများအနက် ၁၄ ရက်ပြည့်သူ ၄ ဦးကို စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက် များက နေအိမ်သို့ ပြန်၍ Home Quarantine ဆက်လက်နေထိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

.


.

အဆိုပါ Community Based Quarantine Center တွင် စောင့်ကြည့်ထားသူများအနက်မှ ထိုင်းနိုင်ငံမှ ပြန်လာသူ တစ်ဦးကို စက်တင်ဘာလ ၁၆ ရက်တွင်လည်းကောင်း၊ ပြည်တွင်းမှ ပြန်လာသူ ၃ ဦးကို စက်တင်ဘာလ ၁၇ ရက်တွင် လည်းကောင်း အသီးသီး နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ နေအိမ်ပြန်ခွင့်ပြုရာတွင် မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက နေအိမ်ပြန်ခွင့်ရသူတစ်ဦးချင်းအား အသွားအလာကန့်သတ်ကာလ နေထိုင်ပြီးကြောင်း ကျန်းမာရေးထောက်ခံချက် ပေးအပ်ခဲ့ပြီး၊ COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း နောက်ထပ် နေအိမ်အသွားအလာကန့်သတ် (Home Quarantine) ၇ ရက် နေထိုင်ရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကာ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား စနစ်တကျ အပ်နှံပေးခဲ့ကြောင်း သိရသည်။

.

ယင်း အသွားအလာကန့်သတ်စောင့်ကြည့်ကာလပြည့်သူတို့၏ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ် ဓါတ်ခွဲဆေးစစ်ချက်အဖြေအရ ရောဂါပိုးကူးစက်ခံထားရခြင်းမရှိကြောင်း သိရှိခဲ့ပြီးဖြစ်သည်။

.

မိုင်းယောင်းမြို့နယ်အဝင် မုန်းလိုက်တံတားကျန်းမာရေးစစ်ဆေးဂိတ်တွင် ခရီးသည်များ၏ ခရီးသွားရာဇဝင် ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို တာဝန်ကျအဖွဲ့က နေ့စဉ်စစ်ဆေးဆောင်ရွက်ရှိပြီး ပြည်ပမှ ပြန်လာသူများနှင့် ပြည်တွင်းကူးစက်မှုရှိသည့် မြို့နယ်များမှ ပြန်လာသူများကို Community Based Facility Quarantine Center တွင် အသွားအလာကန့်သတ် ၁၄ ရက် နေထိုင်စေ၍ ဓါတ်ခွဲနာမူနာဆေးစစ်ချက်အရ ရောဂါပိုးကင်းစင်သူများကိုသာ နေအိမ်အသွားအလာကန့်သတ် (Home Quarantine) ၇ ရက် အသီးသီး နေထိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats