စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စက်တင်ဘာလ ၂၁ ရက်က
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက်ကလေးများအား
လူမှုဝန်ထမ်းဦးစီးဌာန၏ ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ်မှ ထောက်ပံ့ငွေများ
ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
.
.အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် KBZ bank တို့ပူးပေါင်းပြီး Mobile Application ဖြင့် ကောက်ယူခဲ့သည့် စာရင်းများအနက်
ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ် စာရင်းသွင်းထားသည့် ကိုယ်ဝန်ဆောင် မိခင် ၂၇၈ ဦးနှင့်
၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးငယ် ၁၁၇ ဦးတို့အား တစ်လလျှင် ကျပ်
၁၅၀၀၀ နှုန်းဖြင့် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)၊ ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊
စက်တင်ဘာ) လအတွက် တစ်ဦးလျှင် ကျပ် ၉၀၀၀၀ ကို အကျိုးခံစားခွင့်ရှိသူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်များအနေဖြင့်
စာရင်းသွင်းစဉ် ကိုယ်ဝန်ဆောင်ကာလအတိုင်း ထောက်ပံ့ငွေများ ရရှိခဲ့ကြကာ
ဖုန်းနံပါတ်ရှိပြီး အကျိုးခံစားခွင့် ရရှိသူများအား KBZ Pay မှလည်းကောင်း၊
ဖုန်းမရှိသူ အကျိုးခံစားခွင့် ရရှိသူများအား ၎င်းတို့နေထိုင်ရာ
ရပ်ကွက်/ကျေးရွာများအထိ KBZ
Pay မှ ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း
မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
.