မိုင်းယောင်းတွင် နှာခေါင်းစည်း (Mask) မတတ်ဆင်သူများကို ဒဏ်ငွေပေးဆောင်စေ၍ Mask တပ်ဆင်ရေး ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် နှာခေါင်းစည်း (Mask) မတတ်ဆင်သူများကို ဒဏ်ငွေပေးဆောင်စေ၍ Mask တပ်ဆင်ရေး ဆောင်ရွက်

အားချာ

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ ဗလမင်းထင်လမ်းဆုံတွင် စက်တင်ဘာလ ၂၂ ရက်၊ ညနေပိုင်းက COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ပြီး မလိုက်နာသူများအား ဒဏ်ငွေရိုက် စနစ်ဖြင့် ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

.

မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများပါဝင်ပြီး မော်တော်ယာဉ်မောင်းနှင့် လိုက်ပါသူများ၊ ဆိုင်ကယ်မောင်းနှင်စီးနင်းသူများနှင့် လမ်းသွားလမ်းလာသူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေးအတွက် ဆော်ဩပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အသိပေးခြင်းနှင့် COVID-19 ရောဂါကာကွယ်ရေး တေးသီးချင်းများ ဖွင့်ခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

.

အဆိုပါ ဆောင်ရွက်ခြင်းနှင့်အတူ Mask တပ်ဆင်ရန် မလိုက်နာသူ ၁၆ ဦးအား ဒဏ်ငွေ ပေးဆောင်စေကာ နှာခေါင်းစည်း(Mask)တစ်ခုစီ တပ်ဆင်၍ သွားလာစေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

.

Journal Download

Photo of three cats