မိုင်းယောင်းတွင် နှစ်စဉ်ကျင်းပမြဲ ဝေသန္တရာဇာတ်တော်ခင်းပွဲကို လူအနည်းငယ်ဖြင့် ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် နှစ်စဉ်ကျင်းပမြဲ ဝေသန္တရာဇာတ်တော်ခင်းပွဲကို လူအနည်းငယ်ဖြင့် ပြုလုပ်


စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝါခေါင်လပြည့်နေ့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝေသန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်း) ကို လူအနည်းငယ်ဖြင့် ပြုလုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ လှူဒါန်းရာတွင် သေဆုံးသူများအား ရည်ရွယ်၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် နေအိမ်ငယ်များ ပြုလုပ်ပြီး အဝတ်အစားများ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ ထည့်သွင်းလှူဒါန်းကာ ဝေသန္တရာဇာတ်တော်ခင်းပွဲ ခေါ် တန်းဌာန်း ကို ရပ်ကွက်/ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် လူအနယ်ငယ်ဖြင့် ပြုလုပ်ခဲ့ပြီး အချို့မှာ မိမိတို့၏ နေအိမ်များအတွင်း၌သာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
.
ဝေဿန္တရာဇာတ်တော်မှာ ဂေါတမမြတ်စွာဘုရား၏ ထင်ရှားသော ဇာတ်ကြီးဆယ်ဘွဲ့တွင် နောက်ဆုံးဇာတ်တော် ဖြစ်ပြီး အလှူအတမ်း ရက်ရောသော ဝေဿန္တရာမင်းကြီး၊ ၎င်း၏ဇနီဂ ပါရမီဖြည့်ဖက် မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့ အကြောင်းကို ရေးဖွဲ့ထားသော ဇာတ်တော်ကြီးဖြစ်သည်။
.

Journal Download

Photo of three cats