စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်၊
နံနက်ပိုင်းက အသက် ၈၀ နှင့် ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား ငွေကြေး
ထောက်ပံ့ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ မိုင်းယောင်းမြို့နယ်အတွင်းရှိ အသက် ၈၀
နှစ်နှင့် အသက် ၈၅ နှစ်အကြားရှိ ဘိုးဘွားအတွက် အလှူငွေကို သက်ဆိုင်ရာ
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများထံသို့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
.
ထို့နောက်
မြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွားများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ
ဒေါ်နန်းကိန်ခိုင်၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးများက
ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ထောက်ပံ့မှုတွင် မိုင်းယောင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား
၁၄၄ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃ သောင်း နှုန်းစီဖြင့်
ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.