မိုင်းတုံတွင် ကားနှင့်ဆိုင်ကယ်တိုက်မိရာမှ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် ကားနှင့်ဆိုင်ကယ်တိုက်မိရာမှ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

မင်းဇော်မင်း

.

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဟွေပါဆပ်ကျေးရွာတွင် စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက မော်တော် ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ ၃ ဦးအနက် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးဦး မောင်းနှင်လာသည့် Tiger အမျိုးအစား မော်တော်ယာဉ် သည် စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၉ နာရီခန့်က မိုင်းတုံမြို့တောင်ဘက်၊ ၁၄ မိုင်ခန့်အကွာ မိုင်းတုံ-ပုံပါကျင် ကားလမ်း၊ ဟွေပါဆပ်ကျေးရွာအနီး အရောက်တွင် နားကောင်းမူကျေးရွာ၊ ရပ်ကွက် (၄) နေ မိုးကြီး (၃၉ နှစ်) မောင်းနှင်ပြီး နောက်တွင် အသက် ၆ နှစ်အရွယ် ၎င်း၏သားနှင့် တစ်ရွာတည်းနေ ကျော်အောင် (၂၇ နှစ်) လိုက်ပါ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ မိုးကြီးနှင့် ကျော်အောင်တို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မောင်ပိုင်မိုးကျော်မှာ ဝဲလက်ဖျံ၊ လက်မောင်းကျိုးဒဏ်ရာ များ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်မတော်တဆမှုမှ လူသေဆုံးဒဏ်ရာရရှိစေသည်အထိ မော်တော်ယာဉ် မဆင်မခြင် မောင်းနှင်သူ  အောင်မျိုးဦးအား မိုင်းတုံမြို့မရဲစခန်းမှ ယာဉ် (ပ) ၃/ ၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄-က တို့ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

.

Journal Download

Photo of three cats