မိုင်းတုံ မြို့မရပ်ကွက်တွင် ဆုံဆို့နာလူနာ တွေ့ရှိသဖြင့် မြို့ပေါ်ရပ်ကွက်အားလုံး၌ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံ မြို့မရပ်ကွက်တွင် ဆုံဆို့နာလူနာ တွေ့ရှိသဖြင့် မြို့ပေါ်ရပ်ကွက်အားလုံး၌ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်မည်


မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၊ မြို့မရပ်ကွက်တွင် စက်တင်ဘာလ ၃ ရက် ညနေပိုင်းက ဆုံဆို့နာလူနာ အမျိုးသမီး တစ်ဦး တွေ့ရှိသဖြင့် မိုင်းတုံမြို့ပေါ် ရပ်ကွက်အားလုံး၌ အသက် ၁၅ နှစ်အောက် ကလေးမျာအား တုံ့ပြန်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ဆေးထိုးရန် ကျန်ရှိခဲ့သည့် ဆေးပတ်မမီသူများကို အမီလိုက်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း မိုင်းတုံမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းထံက သိရသည်။
.

.


ဒီနေ့ စက်တင်ဘာလ ၅ ရက်ကစပြီး သတ်မှတ်အသက်အရွယ်အလိုက် ဆေးထိုးပါမယ်။ ကျိုင်းတုံကလည်း ဆေး ထုတ်လို့ ရနေပြီ။ တစ်မြို့နယ်လုံး ထိုးနိုင်ဖို့လည်း စီမံချက် တင်ထားပါတယ်။ အခုလူနာကို သီးသန့်ခွဲကုနေပြီး အခြေအနေ လည်းကောင်းနေပါတယ်။ အခု ဆေးရုံမှာ ဆုံဆို့နာလူနာ ၂ ဦးပဲ ကျန်ပါတယ်” ဟု ဒေါက်တာ သက်ခိုင်မင်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ယခင်က မိုင်းတုံမြို့နယ်အတွင်းရှိ “ဝ” အထူးဒေသနှင့် ကျေးရွာများတွင်သာ ဆုံဆို့နာ ဖြစ်ပွားသူ လူနာများကို တွေ့ရှိခဲ့ရသော်လည်း ယခုအခါ မြို့ပေါ်ရပ်ကွက်များတွင် ပထမဆုံး လူနာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါလူနာမှာ မိုင်းတုံမြို့၊ မြို့မရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် ကလေး ၂ ဦး မိခင်ဖြစ်ပြီး စက်တင်ဘာလ ၂ ရက်၊ ညနေပိုင်းတွင် ဆေးရုံသို့ လာရောက်ပြသရာမှ ဆုံဆို့နာလက္ခဏာများ တွေ့ရှိရသဖြင့် မိုင်းတုံဆေးရုံတွင် ကုသ ပေးနေခြင်းဖြစ်ပြီး မိုင်းတုံဆေးရုံမှ ယခင် ဆုံဆို့နာလူနာ ၂၄ ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွား ပြီဖြစ်ကာ လက်ရှိ ဆေးရုံ၌ ဆုံဆို့နာလူနာ ၂ ဦးသာ ကျန်ရှိကြောင်း ၎င်းထံက သိရသည်။
.
မိုင်းတုံမြို့ပေါ်ရပ်ကွက်များတွင် စက်တင်ဘာလ ၅ ရက်မှ စတင်၍ ဆုံဆို့နာကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁ နှစ်အောက် ကလေးငယ်များ၊ ဆေးထိုးရန် ကျန်ရှိနေသည့် အသက် ၁ နှစ်မှ ၇ နှစ်အရွယ် ကလေးငယ်များ၊ ဆေးပြည့်မီခြင်း မရှိခဲ့သည့် အသက် ၇ နှစ်မှ ၁၅ နှစ်အထိ လူငယ်များအားလုံး ဆေးပြန်ထိုးရမည်ဖြစ်ကာ လိုအပ်ပါက Booster Dose တစ်ကြိမ် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စက်တင်ဘာလ ၄ ရက်၊ နံနက်ပိုင်းအထိ ဆုံဆို့နာဖြစ်ပွားသူ စုစုပေါင်း ၁၇၅ ဦး ရှိရာ ၎င်းတို့မှာ တာချီလိတ်မှ ၅၀ ဦး၊ မိုင်းဆတ်မှ ၄၃ ဦး၊ မိုင်းတုံမှ ၂၆ ဦး၊ မိုင်းဖြတ်မှ ၁၂ ဦးနှင့် ကျိုင်းတုံမှ ၈ ဦးတို့ဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats