ကြယ်ခေါင်တွင် ကုန်ချမည့်ကားများ အမြန်ဆုံး ဝင်ခွင့်ရရှိရေးအတွက် ရွှေလီကုန်ချရန် စောင့်ဆိုင်းနေသည့် ကုန်တင် ကားများ နေရာရွှေ့ပြောင်း စောင့်ဆိုင်းနိုင်ရေး စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြယ်ခေါင်တွင် ကုန်ချမည့်ကားများ အမြန်ဆုံး ဝင်ခွင့်ရရှိရေးအတွက် ရွှေလီကုန်ချရန် စောင့်ဆိုင်းနေသည့် ကုန်တင် ကားများ နေရာရွှေ့ပြောင်း စောင့်ဆိုင်းနိုင်ရေး စီစဉ်နေ

မင်းဇော်မင်း

.

မူဆယ်မြို့နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံရွှေလီမြို့ကို Lockdown ပြုလုပ်ထားသော်လည်း နယ်စပ်ရှိ ကြယ်ခေါင်မှာ Lockdown တွင် မပါဝင်သည့်အတွက် ကြယ်ခေါင်တွင် ကုန်ချမည့်ကားများ အမြန်ဆုံး ဝင်ရောက်ခွင့်ရရှိနိုင်ရေး ရွှေလီ တွင်ကုန်ချရန် စောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ်များကို နေရာရွှေ့ပြောင်းစောင့်ဆိုင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်) မှ သိရသည်။

.

.

မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် မူဆယ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။

.

“ရွှေလီကားတွေ ကုန်မချနိုင်သေးခင် ကြယ်ခေါင်ကုန်ချကားတွေ အဆင်ပြေ မြန်ဆန်အောင် ရည်ရွယ်ချက်နဲ့ပါ။ ဒီမှာ ကားအစီးရေ ၅၀၀ ကျော် စောင့်နေတယ်။ ရွှေလီဝင်မယ့်ကားတွေကို တိုကင်ပေးထားပြီး ပြန်ဖွင့်တာနဲ့ သူတို့ကို ဦးစား ပေးသွားမယ်။ ဒီအစီအစဉ်ကို တခြားကုန်ကားတွေလည်း သတိပြုမိနိုင်အောင်ပါ။ တိုကင်အသစ် လဲထားပြီးဖြစ်တဲ့ အတွက် အတုပြုလုပ်လို့ မိရင်တော့ ဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု အမှတ် (၁၂၃) ယာဉ်ထိန်းတပ်ဖွဲ့စု (မူဆယ်)မှ ဒုရဲမှူးချစ်စိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိ‌ မြေပြင်စာရင်းကောက်ယူမှုအရ ရွှေလီသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ် ၂၇၉ စီး ရှိနေပြီး အိုရီယမ်တယ်တိုးဂိတ်မှ ကျောက်တိုင်အထိ ကားစီးရေ ၃၈၀၊ ကျောက်တိုင်မှ နယ်စပ် ကုန်သွယ်ရေးဂိတ်အထိ ကားစီးရေ ၁၀၀ ကျော်၊ စုစုပေါင်း ကုန်တင်ယာဉ်စီးရေ ၈၀၀ ခန့်ရှိနေရာ ယနေ့ စက်တင်ဘာလ ၁၆ ရက်တွင် ကုန် မရရှိသဖြင့် တစ်စီးဝင်၊ တစ်စီးထွက် စနစ်အရ ကြယ်ခေါင်သို့ ကားစီးရေ ၂၅ စီးသာ ဝင်ရောက်နိုင်ခဲ့သည်ဟု သိရသည်။

.

ကြယ်ခေါင်နှင့် ရွှေလီမှာ တံတားသာခြားပြီး ရွှေလီမြို့ကို စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ ၂၂ ရက်အထိ Lockdown ပြုလုပ်ထားကာ ယင်းမြို့အတွင်း နေထိုင်သူများအားလုံးကို COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးရှာဖွေလျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats