စိုင်းသိခ်သူ
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား
များအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားကုန် ၅ မျိုးအတွက် ငွေ ၂၀၀၀၀ ကျပ် အား တတိယအကြိမ်အဖြစ်
စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
“ကိုဗစ်ကျန်းမာရေးလမ်းညွှန်ချက်တွေကိုပါ
ရှမ်းလိုအသံသွင်းပြီး အသိပညာပေးမှုပါ လုပ်ပါတယ်” ဟု မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစိုးမင်းထက်က ပြောသည်။
.
မိုင်းပန်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော မြို့ပေါ်
ရပ်ကွက် ၄ ရပ်ကွက်ရှိ အိမ်ထောင်စု ၅၀ စု၊ ကျေးရွာအုပ်စု ၈ အုပ်စုရှိ အိမ်ထောင်စု
၁၁၈ စု၊ စုစုပေါင်း အိမ်ထောင်စု ၁၆၈ စုသို့ တစ်အိမ်ထောင်စုလျှင် ငွေကျပ်၂၀၀၀၀
နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၃၆၀၀၀၀ အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်နှင့်အညီ အိမ်တိုင်ရာရောက်
သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါလုပ်ငန်းစဥ်အတွင်း COVID-19 ရောဂါ ကာကွယ်၊
ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်များအား Hand Speaker ဖြင့် ဆော်သြခြင်း၊
ကိုယ်ပူချိန်တိုင်းတာခြင်း၊ စနစ်တကျ နှာခေါင်းစည်း Mask တပ်ဆင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.