.
“ လူနာက နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်မှာ နေထိုင်ခဲ့တာ၊ ရန်ကုန်ကို ပြောင်းသွားတာ။ နမ့်စန်မှာ မနေတော့တာ ၁၅ နှစ်လောက် ရှိပြီ၊ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတော့ နမ့်စန်ကို တစ်ကြိမ် ပြန်လာသေးတယ်။ အခုနောက်ပိုင်း မလာတော့တာ တော်တော် ကြာပြီ။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာ Quarantine ဝင်နေတဲ့သူလို့ သိရပါတယ်။” ဟု နမ့်စန်မြို့နယ် COVID-19 Information မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူနာမှာ နမ့်စန်မြို့တွင် နေထိုင်သူ မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ Quarantine ဝင်ရောက်နေပြီး ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ နမ့်စန်မြို့နယ် COVID-19 Information စာမျက်နှာ (Facebook Page)မှ ထုတ်ပြန်ထားသည်။
.
နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် Quarantine ဝင်ရောက်နေသူများ၏ ဓါတ်ခွဲနမူနာများအား စက်တင်ဘာလ ၂၃ ရက်တွင် တောင်ကြီးမြို့သို့ ပေးပို့ စစ်ဆေးမည် ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် လူစုလူဝေး ရှောင်ရှားခြင်း၊ Mask တပ်ဆင်ခြင်း၊ မကြာခဏ လက်ဆေးခြင်းများ ပြုလုပ်ပေးရန် မေတ္တာရပ်ခံနှိုးဆော်ထားကြောင်း သိရသည်။
.