မောက်မယ်မြို့နယ်၊ ရွာသစ်ကျေးရွာတွင် ရွာတွင်းလမ်းမအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် တိုးချဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်မြို့နယ်၊ ရွာသစ်ကျေးရွာတွင် ရွာတွင်းလမ်းမအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် တိုးချဲ့

စိုင်းမျိုးသန့် (မောက်မယ်)

.

လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအူပ်စု၊ ရွာသစ်ကျေးရွာတွင် ရွာတွင်းလမ်းမအား ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် အဆင့်တိုးမြှင့်ချဲ့ထွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

.

ကျေးလက်နေပြည်သူများ လမ်းပန်းဆက်မှု ကောင်းမွန်စွာသွားလာနိုင်ရေးအတွက် ရည်ရွယ်၍ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး စဉ့်ဝင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး ဘောဂမှ ဦးဆောင်၍ ကျေးရွာနေပြည်သူများ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ ဆောင်ရွက်ရာတွင် ရွာသစ်ကျေးရွာထိပ်အဝင် မှ ရွာသစ်ဘုန်းတော်ကြီးကျောင်းအထိ ကျေးရွာ တွင်းလမ်းမ အရှည်ပေ ၁၀၀၀ ခန့်၊ အကျယ် ၁၀ ပေမှ ၁၇ ပေအထိ အဆင့် တိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats