မိုင်းကိုင်မြို့နယ်၊ ဝမ်နမ့်ခေးကျေးရွာအဝင် သစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်မြို့နယ်၊ ဝမ်နမ့်ခေးကျေးရွာအဝင် သစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး

ငြိမ်းသူ

.

မိုင်းကိုင်မြို့နယ်၊ လွိုင်ကုန်ကျေးရွာအုပ်စု၊ ဝမ်နမ့်ခေးကျေးရွာအဝင် သစ်သားတံတားကို ကွန်ကရစ် တံတား အဖြစ် အဆင့်မြှင့်တင် တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါတံတားသည်ယခင်ကသစ်သားတံတား ဖြစ်ပြီး အများပြည်သူသွားလာဖြတ်သန်းရန် အခက်အခဲများ ရှိခဲ့သောကြောင့် ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် ဒေသခံများက လိုလျားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယခုဘဏ္ဍာ နှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် အလျား ၁၆ ပေ အကျယ် ၁၄ ပေ အမြင့် ၁၂ ပေရှိ ကွန်ကရစ် တံတားသစ်ကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီ ဖြင့်ကျေးရွာသူကျေးရွာသားများကိုယ်တိုင် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သောကြောင့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲများ ဖြေရှင်းနိုင်ပြီ ဖြစ်ပြီး ဝမ်နမ့်ခေးကျေးရွာရှိ အိမ်ခြေ ၈၃ အိမ်မှ လူဦးရေ ၃၀၉ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်း များအပြင် လွိုင်ကုန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအတွက်ပါ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats