ငြိမ်းသူ
.
လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊
ဟမ်းငိုင်းကျေးရွာအုပ်စု၊ စံပေါင်းကျေးရွာရှိ ခိုရွက်တံတား တည်ဆောက်မှု
ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ တံတား တည်ဆောက်ရေးအတွက်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၀ ပြည့်နှစ်၊
မတ်လအတွင်းက စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုရွက်တံတားသည် ယခင်က သစ်သားတံတားဖြစ်ပြီး အများပြည်သူ
ဖြတ်သန်းသွားလာရန် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှင့်
ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ခွင့်ပြုငွေကျပ် သိန်း ၁၀၀ ဖြင့်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတား အတိုင်းအတာများအနေဖြင့် အလျား ၁၈ ပေ၊ အကျယ် ၁၄ ပ၊
အမြင့် ၁၂ ပေရှိ ကွန်ကရစ်တံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။
.
တံတားတည်ဆောက်ရာတွင် မိုင်းကိုင်မြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာ များ၏ နည်းပညာအကူအညီဖြင့်
ကျေးရွာသူ/သားများကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ တံတား
တည်ဆောက်မှု ပြီးစီးခဲ့ပြီဖြစ်သောကြောင့် စံပေါင်းကျေးရွာအပြင် အနီးပတ်ဝန်းကျင်ရှိ
ကုန်းညောင်၊ ဖာစားနှင့် လုံစံ ကျေးရွာမှ ဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေး
အထောက်အကူပြုစေမည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်လင်းအောင် ထံက
သိရသည်။
.