နန်းထက်ထက်
.
ကျိုင်းတုံမြို့တွင် Mask မတပ်ဆင်သူများကို အသိပညာပေး လုပ်ငန်းများ
ဆောင်ရွက်နေလျက်ရှိပြီး ဒဏ်ရိုက် အရေးယူမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
“အခုတော့ အသိပညာ ပေးတဲ့ လုပ်ငန်းတွေ နေ့စဉ် ဆောင်ရွက်နေတယ်။ မဖြစ်မနေ
အပြင်ထွက်ရင် Mask တပ်ဖို့ ညွှန်ကြားချက်တွေလည်း
ထုတ်ပြန် ပေးထားတယ်။ ဈေးတွေမှာ ဈေးရောင်းသူ အားလုံး Mask မတပ်ရင် ရောင်းတဲ့ဆိုင်ကို ဈေးရဲ့ စီမံခန့်ခွဲရေး
နည်းလမ်းနဲ့ ဆိုင်ပိတ်သိမ်းခြင်း၊ ယာယီရပ်ဆိုင်းခြင်း အဲဒီလိုတွေ ဆောင်ရွက်ပါတယ်။ လက်ရှိမှာတော့
ပြည်သူတွေကို ပထမအနေနဲ့ Mask ဝယ် တပ်ခိုင်းတယ်။ အဲဒီထက် လွန်လာရင်တော့ အထက်ဌာနနဲ့ ညှိနှိုင်းပြီး
အထက်ဌာနတွေရဲ့ ညွှန်ကြားချက်အရ ပြင်းပြင်းထန်ထန် ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့နယ်
စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အပြင် ကျိုင်းတုံမြို့နယ် အတွင်းရှိ
KTV ဆိုင်များအား ဖွင့်လှစ်မှု ရှိ/မရှိ
စစ်ဆေး ဆောင်ရွက်ခဲ့ရာ ဖွင့်လှစ် ထားသည့် KTV ဆိုင်
တစ်ဆိုင်အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေဖြင့် အရေးယူခဲ့ပြီး ညမထွက်ရ
အမိန့်ကို ကျူးလွန်သူ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၆ ဦး တို့ကိုလည်း ပုဒ်မ ၁၄၄
ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။