တောင်ကြီးမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးရှေ့တွင် Mask မတပ်ဆင်လာသူများအား အသိပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးရှေ့တွင် Mask မတပ်ဆင်လာသူများအား အသိပညာပေး

အောင်ဆန်းဝင်း

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ စက်တင်ဘာလ ၁၇ ရက်၊ ညနေပိုင်းက Mask တပ်ဆင်လာခြင်းမရှိသော လမ်းသွားလမ်းလာများအား Mask များ တပ်ဆင်စေပြီး အသိပညာပေး မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူ များနှင့် လမ်းသွားလမ်းလာများအား Mask တပ်ဆင်လာခြင်းမရှိပါက မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် Mask တပ်ဆင်စေကာ အသိပညာပေးမှုများကို တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ပထမအကြိမ် လုပ်တာကတော့ မြို့မဈေးကြီး အရှေ့ဘက်မှာပါ။ အခု မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အသိ ပညာပေးခြင်းကို ဆက်လုပ်တာပါ။ နောက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဘာသာရေး ကျောင်းတွေမှာလည်း ဝတ်ပြုဆုတောင်းတာတွေကို ယာယီရပ်နားဖို့ အသိပေးအကြောင်းကြားထားပါတယ်” ဟု တောင်ကြီးမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါအသိပညာပေး လုပ်ဆောင်မှုအား တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းထွေး၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ဟိုနားဒီနားသွားတာပဲဆိုပြီး ရုတ်တရက်ဆိုတော့ Mask မတပ်လာလိုက်ရဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနား ရောက်တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အပြင်ထွက်တိုင်း Mask တပ်ဖို့အသိပညာပေးတာနဲ့ကြုံရတာပေါ့။ ရောဂါပြန့်ပွားနေတဲ့အချိန်ဆိုတော့ အပြင်ထွက်တိုင်း Mask တပ်တာတော့အကောင်းဆုံးပါပဲ ” ဟု အသိပညာ ပေးခံရသူတစ်ဦးကလည်း ပြောသည်။

.

Mask မတပ်ဆင်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးခြင်းများဆောင်ရွက်ပြီး အပြင် ထွက်တိုင်း Mask တပ်ပါမည်ဟု ၅ ကြိမ် ဆိုခိုင်းကာ လိပ်စာယူခြင်း၊ ဆက်သွယ်ရန်ဖုန်းနံပါတ်ယူခြင်းများလည်း လုပ်ဆောင်ခဲ့ သည်ဟု သိရသည်။

.

Journal Download

Photo of three cats