Mask များ ဈေးတက်ရခြင်းမှာ ပစ္စည်း ပြတ်လပ်၍ မဟုတ်ဘဲ ဈေးတင် ရောင်းချမှုကြောင့် ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Mask များ ဈေးတက်ရခြင်းမှာ ပစ္စည်း ပြတ်လပ်၍ မဟုတ်ဘဲ ဈေးတင် ရောင်းချမှုကြောင့် ဖြစ်


စုလှိုင်
.
မြို့တော်တောင်ကြီးရှိ ဆေး ဆိုင်နှင့် အလှကုန်ဆိုင်များတွင် ရောင်းချနေ သော COVID-19 ရောဂါ ကာ ကွယ်ရေး အထောက်အကူပြု ပစ္စည်းဖြစ်သည့် နှာခေါင်းစည်း Mask များ ဈေးတက်ရခြင်းမှာ ပစ္စည်း ပြတ် လပ်မှုကြောင့် မဟုတ်ဘဲ ဖြန့်ချိသူ များမှ ဈေးတင် ရောင်းချမှုကြောင့် ဖြစ်သည်ဟု ရှမ်းပြည်နယ် စားသုံးသူ ရေးရာ ဦးစီးဌာနက သိရသည်။
.
.
ပစ္စည်းပြတ်တာ မဟုတ်ပါ ဘူး။ ရောင်းတဲ့သူအပေါ်မှာ မူတည် တယ်။ ရခိုင်ကဖြစ်လာတော့ စိုးရိမ် စိတ်ကြောင့် ဝယ်လိုအား နည်းနည်း များသလို ဖြစ်တာပေါ့။ ဒါကြောင့် ဈေးတက်သွားတာပါ။ ပစ္စည်းပြတ်လို့ မဟုတ်ပါဘူး” ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
Mask လက်ကား ဖြန့်ချိရောင်း ချသူများမှ မတရားဈေးတင်ရောင်းချခြင်းနှင့် ယင်းကဲ့သို့ ဈေးတင်ရောင်းချမှုကြောင့် တစ်ဆင့်ပြန်လည် ဝယ်ယူ၍ လက်လီ ရောင်းချသူများမှ တိုးမြှင့်ရောင်းချရခြင်းဖြစ်ကြောင်း ၎င်း ထံက သိရသည်။
.
ဆိုင်တွေက အမျိုးမျိုး ရောင်း နေကြတာပါ။ ဒါတွေနဲ့ပတ်သက်ပြီး စစ်ဆေးကြပ်မတ်တာတွေ လုပ်ပါ တယ်။ ဝယ်ယူတဲ့ဈေးကို အဆမတန် ရောင်းချနေရင်တော့ အရေးကြီး ကုန်စည် ဥပဒေနဲ့ ညွှန်ကြားချက် ထုတ်ထားတယ်။ အရေးကြီးကုန်စည် ဥပဒေနဲ့ အရေးယူသွားမှာပါ” ဟု ဦး တင့်လွင်ဦးက ဆက်လက် ပြောဆိုခဲ့ သည်။
.
ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့် Mask များ ဈေး တင်ရောင်းချမှု မရှိစေရေး ကြပ်မတ် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးမြို့ပေါ်ရှိ ဆေးဆိုင်များ တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး  အထောက်အ ကူပြုပစ္စည်းများ ဈေးတင်ရောင်းချ မှု မရှိစေရေးအတွက် ဩဂုတ်လ ၂၅ ရက်က ကွင်းဆင်း စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
.
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ  ၃၁ ရက်က ထုတ်ပြန်သော အမိန့်ကြေညာစာအမှတ် (၂၂/၂၀၂၀) အရ အရေးကြီး ကုန်စည်များဖြစ် သည့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အ ထောက်အကူပြုပစ္စည်းများ၊ ဆေးဝါး များနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်း မြှင့်တင်ရောင်း ချခြင်း။ ဈေး နှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေး ကစားရန် ရည်ရွယ်ချက်ဖြင့် သို လှောင်ခြင်းတို့ကို တားမြစ်ထားသည် ဖြစ်ရာ အများပြည်သူ ကျန်းမာရေးကို ရှေးရှု၍ ဈေးနှုန်း မြှင့်တင်ရောင်းချ ခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ် ကြရန် မေတ္တာ ရပ်ခံကြောင်း ကုန် သည်စက်မှု အသင်းက ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.

Journal Download

Photo of three cats