ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး ညောင်ခမ်း-တဲခဲကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်ပွဲ တက်ရောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး ညောင်ခမ်း-တဲခဲကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်ပွဲ တက်ရောက်

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာအုပ်စု၊ ညောင်ခမ်း-တဲခဲ ကျေးရွာချင်းဆက် ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို စက်တင်ဘာလ ၂၆ ရက်က အဆိုပါ လမ်းသစ်တွင် ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တက်ရောက်ခဲ့သည်ဟု သိရသည်။

.

.

ရှေးဦးစွာ ညောင်ခမ်း-တဲခဲ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ကို ရှမ်းပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးအောင်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းအောင်နှင့် လမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

.

ထို့နောက် လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်နှင့် တာဝန်ရှီသူများသည် တဲခဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

.

အဆိုပါ အသစ်ဖွင့်လှစ်လိုက်သည့် ညောင်ခမ်း-တဲခဲ ကျေးရွာချင်းဆက် ကတ္တရာလမ်းသည် အရှည် ၁ မိုင် ၂ ဖာလုံနှင့် အကျယ် ၁၂ ပေရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရန်ပုံငွေနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats