ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တစ်လ ထပ်မံတိုးမြှင့်ကြောင်း တပ်ချုပ်ရုံး ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တစ်လ ထပ်မံတိုးမြှင့်ကြောင်း တပ်ချုပ်ရုံး ထုတ်ပြန်

လှထွန်း

.

တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကို အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ ထပ်မံသက်တမ်း တိုးမြှင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းအတွင်း ကူးစက်မှုနှုန်း မြင့်မားခြင်းနှင့် သေဆုံးမှုများ ရှိနေခြင်းကြောင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု များကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ တစ်လတာအတွင်းကလည်း တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားခဲ့ပြီး ဖြစ်ကြောင်း တပ်ချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

ထို့အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်း (ပလောင်)တပ်မတော် (TNLA) နှင့် ရခိုင်တပ်မတော် (AA) တို့ကလည်း စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၉ ရက်အထိ ရက်ပေါင်း ၇၀ ကြာ အပစ် အခတ် ရပ်စဲကြောင်း စက်တင်ဘာလ ၁ ရက်က ထုတ်ပြန်ကြေညာထားသည်။

.

Journal Download

Photo of three cats